အချုပ်သားများ သယ်ဆောင်လာသည့်ယာဉ်သည် ၂၆ ဘီလမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားအရောက်တွင် လမ်းေဘးသစ်ပင်တိုက်မိပြီး အချုပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဆယ့်တစ်ဦးခန့် ဒဏ်ရာရရှိမှု ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် အချုပ်ကားသည် ၂၆ ဘီလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား အရောက်တွင် လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် အချုပ်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် လမ်းတွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း အဆိုပါနေရာတွင် တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
အချုပ်သား ၁၈ ဦးကို မန်းလေးထောင်ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ် လမ်းေဘးသစ်ပင်ကို တိုက်မိခဲ့ရာ ကားရပ်တန့်သွားရာ နောက်တွင်လားရာတူ ဆိုင်ကယ်တစ်စီးမှ အချုပ်ကားကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှတ် (၁) နယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “မှောက်တာတော့ မဟုတ်ဘူးဗျ။ အချုပ်ကား ဘော်ဒီနဲ့ မလွတ်ဘဲ မန်ကျည်းပင်နဲ့ ချိတ်မိတာ။ သေဆုံးတာတော့ မရှိပါဘူး။ ဒဏ်ရာရတာ လောဆယ် အချုပ်သား ၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးပေါ့။ လောလောဆယ် စိစစ်နေတုန်း ဖြစ်ပါတယ်” ဟု စခန်းမှူး မောင်မောင်ညွန့်က ဖြေကြားခဲ့သည်။
အဆိုပါ ယာဉ်နှင့်သစ်ပင် တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံပို့ဆောင်ထားကြောင်း သိရသည်။
ထိုယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
