ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သော နိုဝင်ဘာလအတွင်းက ယာဉ်မတော်တဆမှုပေါင်း ၃၇ မှုဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ကိုးဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၉၁ ဦးအထိ ရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်ပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲွ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဖြစ်ပွားတဲ့ အမှုပေါင်းက ၃၇ မှုပေါ့နော်၊ သေတာက ကျားနှစ်ဦး၊ မခုနစ်ဦး၊ ပေါင်းကိုးဦးပါ၊ ဒဏ်ရာရတာက ကျား ၅၁၊ မ ၄၀၊ ပေါင်း ၉၁ ဦးပါ” ဟု ပြောကြားသည်။
ယာဉ်မတော်တဆမှုများမှာ ယာဉ်မောင်းများ၏ ပေါ့ဆမှုများကြောင့် ၂၅ မှု၊ လမ်းဖြတ်ကူးသူ ပေါ့ဆမှုများကြောင့် သုံးမှု၊ မော်တော်ယာဉ် ချို့ယွင်းမှုများကြောင့် ရှစ်မှု၊ ရာသီဥတုကြောင့် တစ်မှုအပါအဝင် စုစုပေါင်း ၃၇ မှု ဖြစ်ပွားခဲ့ရာ အဆိုပါ ယာဉ်မတော်တဆမှု ၃၇ မှုအနက် ယာဉ်မောင်းများ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားနှုန်းမှာ အများဆုံးဖြစ်ခဲ့ပြီး ၂၅ မှုအထိ ရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲ တပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
မှတ်တမ်းများအရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခု ၂၀၁၉ ခုနှစ်အတွင်း၌ ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ၁၁ လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၇၉ ကြိမ်ဖြစ်ပွား၍၊ အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၉၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၉၂၅ ဦးအထိရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းတွင် ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ သေဆုံးမှုများ ဖြစ်ပွားခြင်းကြောင့် အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိသော မိုင်တိုင်များ၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းပါက ဖမ်းဆီးအရေးယူသော အရှိန်နှုန်းတိုင်းတာစက်များ ထားရှိသည့် မိုင်တိုင်အမှတ် နေရာများကိုလည်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတိပေး ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုဝင်ဘာလ အတွင်းမှ စတင်၍ ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိသော မိုင်တိုင်များအနီး၌ သတိပေး ဆိုင်းဘုတ်များကို စိုက်ထူပြီး မော်တော်ယာဉ်များအား ဂရုစိုက်မောင်းနှင်ကြရန် ထပ်မံသတိပေးထားကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
