စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် တာမောင်၊ တာမဆန်ကျေးရွာ စာသင်ကျောင်းနှင့် ဘောလုံးကွင်း မြေနေရာအား ပုံစံ (၇) လျှောက်ထား သိမ်းယူခံရသဖြင့် ကလေးငယ်များ ပညာသင်ကြားမှု အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် နားနှုံးကျေးရွာနေ ဦးမြစိန်သည် တာမောင်၊ တာမဆန်ကျေးရွာ မြေအတွင်းရှိ ရွာသားများ နှစ်ရှည်ပင်နှင့် ရာသီသီးပင်များ စိုက်ပျိုးထားသော မြေငါးဧကခန့်နှင့် ကျေးရွာစာသင်ကျောင်းနှင့် ဘောလုံးကွင်းမြေအဖြစ် အသုံးပြုခဲ့သော မြေ ၁ ဒသမ ၅၀ ဧက စုစုပေါင်း ၆ ဒသမ ၅၀ ဧက ခန့်အား ၂၀၁၃ ခုနှစ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) လျှောက်ထားရယူခဲ့သဖြင့် ကျေးရွာရှိ ကလေးငယ်များမှာ ပညာသင်ကြားမှု အခက်အခဲဖြစ်နေကြောင်း တာမောင်၊ တာမဆန်ကျေးရွာနေ ဦးခိုင်လွန်း၏ ပြောကြားချက်အရ သိရသည်။
“ကျောင်းက အစိုးရ တရားဝင်ကျောင်းတော့ မဟုတ်သေးဘူးပေါ့။ အနီးဆုံး ကက်သာမူလတန်းကျောင်းကနေ တွဲဖက်ဖွင့်ထားတဲ့ကျောင်းပါ။ ဆရာမကိုတော့ ရပ်ရွာက ပိုက်ဆံစုပြီး အရပ်ပေး ဆရာမ ငှားထားတာ။ အဲဒီကျောင်း မြေနေရာနဲ့ ဘောလုံးကွင်း မြေနေရာကို ဦးမြစိန်က ကျွန်တော်တို့ရွာသားတွေ တစ်ယောက်မှ မသိလိုက်ရဘဲ ပုံစံ (၇) လျှောက်ပြီး ယူသွားတယ်။ အဲဒီလိုဖြစ်တော့ ကလေးတွေလည်း စာသင်စရာနေရာ ပျောက်သွားပြီး ကက်သာမှာပဲ သွားပြန်တက်နေရတယ်။ ကျောင်းသားကလေးတွေအားလုံး ၄၆ ယောက်ရှိပါတယ်။ ကျွန်တော်တို့ရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ ကက်သာရွာကျောင်းကို အသွားအပြန် တက်ရတော့ ရေရှည်မှာ ကလေးတွေအတွက် အခက်အခဲ ဖြစ်ရပါတယ်” ဟု ဦးခိုင်လွန်းက ပြောကြားသည်။
ထိုမြေနေရာကို လျှောက်ထားရယူသူ ဦးမြစိန်က တာမောင်၊ တာမဆန်ကျေးရွာသား နှစ်ဦးအား မြေကွက်အတွင်း ကျူးကျော်ဝင်ရောက်မှုဖြင့် အမှုဖွင့်တိုင်ကြားထားသဖြင့် အမှုရင်ဆိုင်နေရကြောင်းလည်း သိရသည်။
ကျေးရွာမြေ၊ စာသင်ကျောင်းနှင့် ဘောလုံးကွင်း မြေနေရာအား ပုံစံ (၇) လျှောက်ထားရယူခဲ့သူ ဦးမြစိန်အား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ကို အမှန်တကယ် လုပ်ပိုင်ခွင့်ရရှိထားသူ မဟုတ်ဘဲ မမှန်မကန် လိမ်လည် လျှောက်ထားရယူခဲ့ခြင်းနှင့် အဆိုပါ လယ်မြေအား လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ပါစည်းကမ်းချက်များ လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် စစ်ဆေးအရေးယူပေးရန် တာမောင်၊ တာမဆန် ကျေးရွာသားများက စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းရေးရာ ဝန်ကြီးနှင့် ဟုမ္မလင်းမြို့နယ် သက်ဆိုင်ရာ ဝာာဝန်ရှိသူများထံ တင်ပြထားကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
