ကချင်ပြည်နယ် ပူတာအိုဒေသထွက် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်းများကို တရုတ်နိုင်ငံက စျေးကောင်းပေးဝယ်နေသဖြင့် ရှာဖွေသူ များပြားလျက်ရှိကြောင်း သတင်းရရှိသည်။
ယင်းစျေးကောင်းပေးဝယ်မှုကို လွန်ခဲ့သည့်နှစ် အနည်းငယ်တွင် တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်ပြီး ကျောက်ဂျပိုးများ ဖမ်းရလွယ်ကူသည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ မေလိခမြစ်ကမ်းနှင့် ကျောက်ခဲပေါများသည့် တခြားချောင်းကြီးများတွင် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဂျပိုးကို ကျောက်တုံး၊ ကျောက်ခဲများ လှန်၍လည်းကောင်း၊ ညနေပိုင်းများတွင် ပိုက်စိပ်မယ်များဖြင့် လည်းကောင်း ဖမ်းယူနေကြခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဂျပိုးရှာသူ ကိုတန်ရှင်ဖုန်က “ကျောက်ဂျပိုး မနှစ်ကထက် စျေးကောင်းနေတယ်။ နို့ဆီတစ်ဘူး ကျပ် ၇၀၀၀ ကနေ ၈၀၀၀၊ ၁၀၀၀၀ ဖြစ်နေတာ။ ဒေသခံတွေ အဲဒီစျေးနဲ့ မစားနိုင်ဘူး။ တရုတ်ပြည် ပို့ကြတာပေါ့။ မူလာရှီးဒီး တံတားနားမှာဆိုရင် ပွဲလိုစည်နေတော။ မိသားစု ငါးယောက်ဆိုရင် နို့ဆီသုံးဘူး ရတတ်တယ်။ ပိုက်နဲ့တန်းတာက နေ့တိုင်းမထွက်ဘူး။ တစ်ပတ်တစ်ရက်လောက် အထွက်များတာပဲ” ဟု ပြောကြားသည်။
ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့် အသေးမျိုးရှိရာတွင် အသေးမျိုးမှာ စျေးပိုရကြောင်း၊ တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၀ ဝန်းကျင်တွင် စျေးပေါက်နေပြီး ဒေသခံများအတွက် ဝင်ငွေတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
ပူတာအိုဒေသခံ ဦးအားဖုန်က “ကျွန်တော်တို့က အရင်က ဒီအကောင်ကို ငရုတ်သီးထောင်းစားတယ်။ အနံ့ပြင်းပြင်းရှိတယ်။ အရသာက ပုရစ်ထက် အဆိမ့်ပိုတယ်။ အရှင်က အသေထက်ပိုပြီး အလေးချိန်ရှိတယ်။ တွေ့ရတာက နိုဝင်ဘာကနေ နွေဦးကာလအထိ တွေ့ရတတ်။ မတ်လကုန်ရင်တော့ ချောင်းရေတွေလည်း တက်ပြီ။ မိုးလည်း ရွာပြီဆိုတော့ မတွေရတော့ဘူး” ဟု ပြောကြားသည်။
ယခင်ကာလများက ကျောက်ဂျပိုးကို မြစ်ဆုံဒေသဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ရသော်လည်း ရွှေကျင်သည့် လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊ မြစ်ချောင်းအနီးတစ်ဝိုက် တောပြုန်းခြင်းများကြောင့် ကျောက်ဂျပိုးကောင်များ တွေ့ရှိမှု နည်းလာရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
