ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ချမှတ်ထားပြီး အဆိုပါ စီမံကိန်းနှင့် ချိတ်ဆက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးကာ မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဒီဇင်ဘာ ၂ ရက်က ပြုလုပ်သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယင်းကဲ့သို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့အခမ်းအနားသည် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့် ပတ်သက်၍ လာရောက် အသိပေးရှင်းလင်းခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိက ဦးတည်ချက်များဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက အကောင်အထည်ဖော်လျက် ရှိကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးသည် အပြန်အလှန် ဆက်စပ်နေကြောင်း၊ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးများစွာ နောက်ကျနေပါက ပဋိပက္ခ ဖြစ်ပွားမှုများပြားကြောင်း ဝန်ကြီးက ပြောကြားသည်။
ထို့ပြင် မိမိတို့ဝန်ကြီးဌာနက ရေရှည် လုပ်ငန်းစဉ်အဖြစ် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများဖြင့် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာပါက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ချမှတ်ထားကြောင်း၊ အဆိုပါ စီမံကိန်းနှင့် ချိတ်ဆက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေး၍ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တာဝန်ယူရကြောင်း၊ ပဋိပက္ခများကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်များတွင် ပြည်တွင်း နေရပ်စွန့်ခွာကြသူများ ရှိကြောင်း၊ ထို့အတွက် ယာယီခိုလှုံရာစခန်းများ ဖွင့်လှစ်ရကြောင်း၊ အဆိုပါ စခန်းများသည် ကာလကြာရှည်ပါက နိုင်ငံတော်က ကြိုးပမ်းလျက်ရှိသော လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားပြုမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း၊ မဟာဗျူဟာရှိမှသာ စီမံချက်များ ဖော်ထုတ်ပြီး အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွဲဝေမှုတွင် ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း၊ အကောင်အထည် ဖော်ရာတွင်လည်း အရပ်ဖက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များအားလုံး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစိုးရက ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ လေးခုအနက် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။
၂၀၁၈ ခုနှစ်မှစတင်၍ အဆိုပါ အမျိုးသားအဆင့် မဟာဗျူဟာကို စတင်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ လတ်တလော ပြည်တွင်းနေရပ် စွန့်ခွာသူများ အတွက်လည်း လစဉ်ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း၊ ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း၊ ယာယီခိုလှုံရာ စခန်းများရှိ နေရပ်စွန့်ခွာနေရသူများကို ငွေကြေးထောက်ပံ့မှုများသာမက မှီခိုကင်းစွာနှင့် ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်မှာ အရေးကြီးကြောင်း၊ မဟာဗျူဟာကို အခြေခံ၍ လုပ်ငန်းစဉ်များ ရေးဆွဲကြရာတွင် ပြည်နယ်တစ်ခုနှင့်တစ်ခု လိုအပ်ချက်များ မတူညီကြသည့် အတွက် သက်ဆိုင်ရာ ဒေသများရှိ ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ရေရှည်အတွက် မျှော်မှန်းပြီး အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
