ကြိုးများလဲလှယ်ခြင်း၊ ဓာတ်အားလိုင်း နှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်လှဲ မည်ဖြစ်သဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့ တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာသည်။
ဓာတ်အားပြတ်တောက်မှုမှာ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြတ်တောက်မည်ဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် နှင့်မြို့နယ်များတွင် ၆၆ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformerများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော ၁၁ ကေဗွီဓာတ်အားလိုင်း ကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်သဖြင့် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ပြတ်တောက်မည့်မြို့နယ်အချို့မှာ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ အလုံ၊ ဗိုလ်တထောင်၊ လှိုင်၊ မရမ်းကုန်း၊ ထောက်ကြန့်၊ လှည်းကူး စသည့် မြို့နယ်များအပြင် အင်းတိုင်ဖိနပ် စက်ရုံနှင့် ခုတင် ၁၀၀ ဆေးရုံတို့တွင်လည်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ် ပြန်ကြေညာချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
