ပြည်တွင်းဆန်ကြမ်းစျေး တစ်အိတ် လျှင် ကျပ် ၁၇၀၀၀ ဝန်းကျင်သာရှိပြီး ၂၀၁၉ ခုနှစ် ၁၁ လအတွင်း တစ်အိတ်လျှင် ကျပ် ၂၅၀၀ ခန့် ကျဆင်းကာ ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ စျေး၌သာ ဆက်ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်စျေးနှုန်းများမှာ ဧည့်မထ၂၅ မှတ်ဆန် တစ်အိတ်လျှင် ဇန်နဝါရီလတွင် ကျပ် ၁၉၃၀၀၊ ဖေဖော်ဝါရီလတွင် ကျပ် ၁၉၅၀၀၊ မတ်တွင် ကျပ် ၁၈၈၀၀၀၊ ဧပြီတွင် ကျပ် ၁၇၈၀၀၊ မေ တွင် ကျပ် ၁၇၃၀၀၊ ဇွန်တွင် ကျပ် ၁၇၅၀၀၊ ဇူ လိုင်တွင် ကျပ် ၁၈၀၀၀၊ သြဂုတ်တွင် ကျပ် ၁၇၇၀၀၊ စက်တင်ဘာတွင် ကျပ် ၁၈၀၀၀၊ အောက်တိုဘာတွင် ကျပ် ၁၇၇၀၀ နှင့် နိုဝင် ဘာတွင် ကျပ် ၁၇၅၀၀ စျေးရှိသည်။
ငစိန် ၂၅ မှတ် စျေးများမှာ၁၀၈ ပေါင် တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၁၉၇၀၀၊ ဖေဖော်ဝါရီလတွင် ကျပ် ၁၉၇၀၀၊ မတ်လတွင် ကျပ် ၁၉၇၀၀၀၊ ဧပြီလတွင် ကျပ် ၁၉၇၀၀၊မေလ တွင် ကျပ် ၁၉၇၀၀၊ ဇွန် လတွင် ကျပ် ၁၉၇၀၀ ၊ ဇူလိုင်လတွင် ကျပ် ၁၈၀၀၀၊ သြဂုတ်လတွင် ကျပ် ၁၉၇၀၀၊ စက် တင်ဘာလတွင် ကျပ် ၁၉၇၀၀၊ အောက်တို ဘာတွင် ကျပ် ၁၉၀၀၀ နှင့် နိုဝင်ဘာတွင် ကျပ် ၁၇၀၀၀ စျေးရှိခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်း များမှာ ၂၀၁၄ ခုနှစ်က ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၃၅၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ် အိတ်လျှင် ကျပ် ၄၃၅၀၀ စျေးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၈၀၀၀၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ စျေးရှိလာသည်။ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ၁၅၅၀၀ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၇၅၀၀ အထိ စျေးရှိသည်။
၂၀၁၅ ခုနှစ်အတွင်းတွင် ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ၂၅ မှတ်ဆန်တစ်အိတ် လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ် အိတ်လျှင် ကျပ် ၁၇၀၀၀ ရှိခဲ့သည်။
၂၀၁ရခုနှစ်အတွင်း ရွှေဘိုပေါ်ဆန်း တစ် အိတ်လျှင် ကျပ် ၄၆၀၀၀၊ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိ ခဲ့သည်။
၂၀၁၈ခုနှစ်တွင် ရွှေဘို ပေါ်ဆန်းတစ် အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၉၇၀၀၊ငစိန် ၂၅မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၂ဝဝဝအ ထိ စျေးရှိသည်။
၂၀၁၉ ခုနှစ်တွင် နိုဝင်ဘာလ တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ဧရာဝတီ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၇၅၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၁၇၀၀၀ အထိ စျေး ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
