Top News

တနင်္သာရီတိုင်း ပုလောမြို့တွင် စက်လှေမှောက်သဖြင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူအများအပြား ပျောက်ဆုံးနေပြီး ရုပ်အလောင်းအချို့ တွေ့ရှိထား
24htopnews | October 25, 2024 3:12 PM CST

တနင်္သာရီတိုင်း ပုလောမြို့တွင် စက်လှေမှောက်သဖြင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူအများအပြား ပျောက်ဆုံးနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် ညပိုင်းက တနင်္သာရီတိုင်း‌ဒေသကြီး ပုလောမြို့နယ် ကျောက္ကားရွာမှ မြိတ်မြို့သို့ ပြေးဆွဲနေသော စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယင်းစက်လှေတွင် ကုန်ပစ္စည်းအပြည့်နှင့် လူအနည်းဆုံး ၇၀ ကျော် တင်ဆောင်လာ‌ကြောင်း၊ သီတင်းကျွတ်ကျောင်းပိတ်ရက်အိမ်ပြန်ပြီး မနက်ဖြန်ကျောင်းတက်အမှီပြန်လာသည့် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ လတ်တလောတွင် အလောင်းအချို့ကို ဆယ်ယူရရှိထား‌ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲ သိရှိရသည်များကို Eleven Media အနေဖြင့် ဆက်လက်စုံစမ်းနေပြီး သိရှိရသည်များကို ဆက်လက်ဖော်ပြပါမည်။


READ NEXT
Cancel OK