ရန်ကုန် - ပုသိမ်လမ်းမကြီးတွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်းမကြီး၊ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ကံထူးအောင် ခရီးသည်တင်ယာဉ်မှာ ပန်တိုင်နှင့် မဲဇလီကြားတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပုသိမ်ကနေ ရန်ကုန်ကို မောင်းလာတဲ့ခရီးသည်တင်ကားပါ။ ပန်တိုင်နဲ့ မဲဇလီကြားထဲက ကွေ့မှာ မှောက်တာ။ ယာဉ်ပေါ်မှာ ခရီးသည်လေးဆယ်လောက်တော့ပါတယ်” ဟု အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်အချို့ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာများမှာ ပြင်းထန်ခြင်းမရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လာရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
