မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၉) ရပ်ကွက်၊ ဖောင်တော်ဦးလမ်းတွင် တိုက်ဟောင်း အုတ်နံရံပြိုကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည့်အတွက် ပခုက္ကူခရိုင်မီးသတ်စခန်းမှ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြော င်း သိရသည်။
ယနေ့ အောက်တိုဘ (၂၅)ရက်၊ နံနက် (၇)နာရီ (၂၅)မိနစ်အချိန်ခန့်က အဆိုပါ နေရာရှိ အဆောက်ဦအဟောင်း အုတ်နံရံပြိုကျပြီး လမ်းပိတ်ဆို့နေကြောင်း သတင်းအရ ပခုက္ကူခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အုတ်နံရံပြိုကျရာမှ ထွက်ရှိလာသည့် အုတ်နီခဲ၊ သဲများနှင့် တည်ဆောက်ရာတွင် ပါဝင်သည့် အပျက်အစီးများမှ လူနေရပ်ကွက် လမ်းအတွင်း ကျရောက်ခဲ့ကာ ဒေသခံများ သွားလာရေး ခက်ခဲလျက်ရှိသောကြောင့် ရှင်းလင်းပေးခဲ့ပြီး အုတ်နံရံပြိုကျမှု ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
ထို့အတူ ယနေ့ အောက်တိုဘာ (၂၅)ရက်၊ နံနက် (၄)နာရီခွဲအချိန်ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀၀)ရပ်ကွက်၊ နယ်မြေ(၇)၊ မဟာဝါဠုကာရာမသဲပြင်ကျောင်းတိုက်အတွင်းရှိ အုတ်တံတိုင်း ပြိုကျရာမှ အမျိုးသား (၁)ဦး ေ-သဆုံးခဲ့ရပြီး (၁)ဦးမှာ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း မြင်းခြံခရိုင်မီးသတ်စခန်းမှ သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
