၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စုအဆင့် ပွဲဦးထွက် ရှုံးနိမ့်ထားသည့် မြန်မာ ယူ-၁၇ အသင်းသည် ယနေ့ အောက်တိုဘာ(၂၅)ရက် ညနေ(၆)နာရီခွဲအချိန်၌ အိမ်ရှင်ဗီယက်နမ်အ သင်းနှင့် ထပ်မံ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောက်တိုဘာ (၂၃)ရက်က အုပ်စုအဆင့် ပွဲဦးထွက်တွင် လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် ယီမင်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယီမင်အသင်းက ပွဲပြီးဆုံးချိန်တွင် (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။
ထို ပွဲစဉ်အတွင်း မြန်မာအသင်းအနေဖြင့် အနီကတ် တစ်ကြိမ်ပြခံခဲ့ရပြီး ၊ ခြေစစ်ပွဲအောင်မြင်ရန် ယနေ့ ဗီယက်နမ်အသင်းနှင့်ယှဉ်ပြိုင်အပြီး ရလဒ်ပေါ်မူတည်နေကြောင်း သိရသည်။
အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I)အတွင်း ဗီယက်နမ်၊ မြန်မာ၊ ကာဂျစ္စတန်နှင့် ယီမင် ယူ-၁၇ အသင်းတို့တစ်အုပ်စုတည်းကျရောက်နေပြီး၊ အောက်တိုဘာ (၂၇) ရက် မြန်မာစံတော် ချိန် မွန်းလွဲ(၃)နာရီခွဲအချိန်၌ ကာဂျစ္စတန်အသင်းနှင့် နောက်ဆုံး ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။
အဆိုပါ ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပလျှက်ရှိပြီး အုပ်စု ပထမရရှိသည့် (၁၀) သင်း၊ အကောင်းဆုံး အုပ်စု ဒု တိယရသည့် (၅)သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျ နိုင်ငံက အိမ် ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ပုံစာ – အုပ်စုအဖွင့် ယီမင်-မြန်မာ ပွဲစဉ်အတွင်း ပုံရိပ်အချို့



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
