ရီးယဲလ်အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်(၃)၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်းက ဒေါ့မွန်အသင်းအား (၅-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်သည်။
၎င်းအနေဖြင့် ယင်းပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ချီးကျူးမှုများ ရရှိခဲ့သလို၊ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ နည်းစနစ်ကျွမ်းကျင်သူများအဖွဲ့မှ ရွေးချယ်သော တစ်ပတ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
UEFA သည် ချန်ပီယံလိဂ်ပွဲစဉ်(၃)၏ အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ခဲ့ရာ ဗင်နီစီယပ်စ်အပါအဝင် ကလပ်အသင်း (၁၁)သင်းမှ ကစားသမား(၁၁)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါအသင်းတွင် ဂိုးသမားအဖြစ် ဂျူဗင်တပ်စ်ဂိုးသမား ပါရင်၊ နောက်တန်း၌ ရီစတော့ဗ်စကီး(ဒိုင်နမိုကိဗ်)၊ ဂျွန်စတုန်းစ်(မန်စီးတီး)၊ အီဆက်ခ်ဟိန်း(အတ္တလန်တာ)၊ ဂူတီယာရက်ဇ်(ဂျီရိုနာ)၊ အလယ်တန်း၌ မီနာမီနို(မိုနာကို)၊ ဘာရယ်လာ(အင်တာမီလန်)၊ ရိန်းဒါးစ်(အေစီမီလန်)၊ ရှေ့တန်း၌ ရာဖင်ညာ(ဘာစီလိုနာ)၊ ဒူရန်(အက်စတွန်ဗီလာ)၊ ဗင်နီစီယပ်စ်(ရီးယဲလ်)တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ဗင်နီစီယပ်စ်သည် ၂၀၂၄ ခုနှစ် Ballon d'Or ဆုရရှိရန် ရေပန်းအစားဆုံးကစားသမားလည်းဖြစ်နေပြီး အောက်တိုဘာ (၂၈)တွင် ဆုချီးမြှင့်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
