မန်ယူနောက်ခံလူဟောင်း အီဗရာက လက်ရှိတွင် ပြိုင်ဘက်အသင်းများက မန်ယူအသင်းထက် ပိုကောင်းနေပြီး အသင်း၏အနာဂတ်မှာ မလှပကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်တွင် အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့သော်လည်း ၂၀၁၂-၁၃ ရာသီကုန်တွင် ဖာဂူဆန် နည်းပြဘဝမှ အနားယူပြီးကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိတော့ပေ။
လက်ရှိတွင် မန်ယူအသင်း၏ မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စံချိန်တင် (၄) ကြိမ်ဆက်တိုက်ရယူကာ အင်္ဂလိပ်ဘောလုံးလောကကို စိုးမိုးထားသလို၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့မှာလည်း မန်ယူအသင်းထက် ပိုကောင်းနေသည်။
ထို့ကြောင့် အီဗရာက ''ကျွန်တော်က အကောင်းမြင်တတ်တဲ့သူပါ။ ဒါပေမဲ့ မန်ယူအသင်းနဲ့ပတ်သက်ရင် ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေက ကျွန်တော်တို့ထက် ပိုကောင်းနေပြီး ပိုကောင်းတဲ့ ကစားဟန်နဲ့ ကစားပြနေကြတယ်။ မန်ယူအသင်းရဲ့ အနာဂတ်က မတောက်ပပါဘူး။ အခုက အသင်းအတွက် အရမ်းခက်ခဲတဲ့အခိုက်အတန့်ပါ။ လီဗာပူးလ်က ပရီးမီးယားလိဂ်ပြန်ရဖို့ နှစ်ပေါင်း (၃၀) စောင့်ခဲ့ရတယ်။ မန်ယူအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေတာ အခုဆို (၁၁) နှစ် ရှိပါပြီ။ လီဗာပူးလ်လို နှစ်ပေါင်း (၃၀) မစောင့်ချင်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မန်ယူအသင်းကို ကျွန်တော် အားပေးနေမှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
