ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့တွင် လမ်းသွားလမ်းလာ သားအမိ (၂)ဦးကို ရိုက်နှက်၍ ပါလာသည့် ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများ လုယက်ခံရပြီး မိခင်ဖြစ်သူမှာ ရိုက်နှက်ခံရမှုကြောင့် ေ-သဆုံးခဲ့ရကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်း(အောင်ပန်း)မှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၄)ရက် နံနက် (၉)နာရီအချိန်ခန့်က ကလောမှ အောင်ပန်းသို့ ပြန်လာသည့် သားအမိ(၂)ဦးမှာ အောင်ပန်းမြို့၊ အောင်ပန်း-ကလောလမ်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုရုံး နံဘေး မယ်ခိုတောင် အတက်လမ်း၌ ခေတ္တနားနေစဉ် အမည်မသိ အမျိုးသား( ၂)ဦး ရောက်ရှိလာပြီး ကျောက်ခဲ ထည့်ထားသော လွယ်အိတ်ဖြင့် ရိုက်နှက်ခဲ့ရာ မိခင်မှာလဲကျသွားခဲ့ကြောင်း သိရသည်။
သားဖြစ်သူမှ အကူအညီတောင်းခံရန် မိန်းလမ်းအတိုင်း ဆင်းပြေးပြီး ပြန်လာခဲ့ရာ မိခင်ဖြစ်သူမှာ လဲကျနေပြီး ပါလာသော ဆိုင်ကယ်၊ ဆွဲကြိုး၊ လက်စွပ်များကို ရိုက်နှက်သူများက ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် သားအမိ (၂) ဦးကို နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍ အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ပြီး အောင်ပန်းဆေးရုံ၌ ဆရာဝန်/ဆရာမများမှ အရေးပေါ်ဆေးကုသမူပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကုသပေးသော်လည်း လူနာများမှာ ထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြရာ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ရောက်ပြီး မကြာမီအချိန်တွင် မိခင်ဖြစ်သူမှာ ရရှိဒဏ်ရာများဖြ င့် ေ-သဆုံးခဲ့ရကြောင်း သိရသည်။
“အောင်ပန်းဟာ လူပေါင်းစုံတွေ ရောက်နေပါပြီ။ မြို့ပေါ်မှာကို မှောင်ရင် မရတော့တာ မိန်းကလေးများ အထူးသတိထားကြပါ။ စိတ်ကွယ်ရာဆို တစ်ယောက်တည်း မသွားကြပါနဲ့ ပစ္စည်းရရင် တော်ပြီပေါ့။ လူကိုပါ သ-တ်သွားတာ တရားခံကို မိအောင်ဖမ်းဖို့ လိုပါတယ်”ဟု အောင်ပန်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။
၎င်းတို့ သားအမိ (၂)ဦးမှာ အောင်ပန်းမြို့ လက်မပင်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် အမှုမှန်ပေါ်ပေါက်ရေး နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
