တရုတ်နယ်စပ်ဂိတ်များ ပိတ်ခြင်းကို အကြောင်းပြု၍ ဒေါ်လာဈေးကစားခြင်းများ ပြုလုပ်နေကာ ရွှေဈေးများကိုလည်း လိုသလို ဆွဲတင်နေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အောက်တိုဘာ (၂၄) ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထို့ကြောင့် ကောလာဟလသတင်းများကို ယုံကြည်ကာ အရောင်းအဝယ်မလုပ်ကြရန်နှင့် ရွှေဈေးအား ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ကြပါရန်လည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ချက်တွင် သတိပေးပြောသည်။
ထုတ်ပြန်ချက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်နေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေသည့် အခြေအနေ၌ အချို့သောအွန်လိုင်း လူမှုကွန်ရက်များမှ ဒေါ်လာဈေးကိုလည်း အောက်တိုဘာ (၂၄) ရက်၌ (၄၇၅၀)ကျပ် အထိ ဆွဲတင်နေပြီး ဒေါ်လာဈေးမတက်လျှင် ရွှေဈေး သိန်း (၈၀)၊ ဒေါ်လာဈေးတက်လျှင် ရွှေဈေး သိန်း(၁၀၀) ဖြစ်မည်ဟု ဆိုကာ ကောလဟလသတင်းများဖြင့် ရွှေဈေးကို ဆွဲတင်နေကြောင်း YGEA ကပြောသည်။
ယနေ့ အောက်တိုဘာ (၂၅) ရက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ထားသည့် ရွှေဈေးနှုန်းသည် ငါးဆယ့်ခြောက်သိန်းနှစ်သောင်းကျော်ဖြစ်ပြီး ပြင်ပပေါက်ဈေးကတော့ ခြောက်ဆယ့်ခြောက်သိန်းကျော် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
