ဘာစီလိုနာအသင်းမှ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကို ခေါ်ယူလိုသည့်အသင်းများထဲတွင် အာဆင်နယ်အသင်းလည်း ပါဝင်လာကြောင်း သိရသည်။
ဖယ်ရန်တောရက်စ်(၂၄ နှစ်)သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူလည်းဖြစ်သည်။
သို့သော် ၎င်းအနေဖြင့် ဘာစီလိုနာအသင်းတွင် ပုံမှန်ပွဲကစားခွင့်မရသည့်အတွက် ပရီးမီးယားလိဂ်အသင်းများက ခေါ်ယူရန် ချိန်ရွယ်နေကြခြင်းဖြစ်ပြီး အာဆင်နယ်အသင်းပါ ပါဝင်လာခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်ရန် စီစဉ်နေပြီး နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်၊ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ်တို့အပြင် ယခုအခါ ဘာစီလိုနာတိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကိုပါ ပစ်မှတ်ထားလာခြင်းဖြစ်သည်။
ဖယ်ရန်တောရက်စ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၉) ပွဲ ကစားခွင့်ရထားသော်လည်း အများစုမှာ လူစားဝင်အဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းအား ခေါ်ယူရန် ပစ်မှတ်ထားနေရာ အသင်းရှိ ကစားသမားအချို့ကို ရောင်းထုတ်ဖွယ်ရှိပြီး ရောင်းထုတ်မည့်ကစားသမားစာရင်းတွင် ဖယ်ရန်တောရက်စ်လည်း ပါဝင်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
