အောက်တိုဘာ (၂၃) ရက်က ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ပွဲစဉ် (၃) အပြီးတွင် မန်စီးတီးအသင်းက (၂၆) ပွဲဆက် ရှုံးပွဲမရှိကစား၍ ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်သစ်တင်ခဲ့ပြီး လီဗာပူးလ်အသင်းကလည်း ရာသီအဖွင့် အဝေးကွင်း(၆)ပွဲဆက် အနိုင်ရကာ အသင်းသမိုင်း တစ်လျှောက် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းအနေဖြင့် စပါတာပရပ်ဂ်အသင်းအား အိမ်ကွင်း၌ (၅-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိပွဲဆက်အများဆုံး စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ၂၀၂၂ ခုနှစ် မေ လတွင် ရီးယဲလ်အသင်းအား ရှုံးနိမ့်ပြီးနောက် (၂၆) ပွဲ ဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့သည်။
ယခုနှစ် ဧပြီတွင်ကစားသည့် ၂၀၂၃- ၂၀၂၄ ရာသီ ကွာတားဖိုင်နယ် ဒုတိယအကျော့တွင် ရီးယဲလ်အသင်းအား ပယ်နယ်တီဖြင့် ရှုံးနိမ့် သော်လည်း သာမန်ပွဲကစားချိန် မိနစ် (၉၀) နှင့် အချိန်ပို (၁၂၀) မိနစ်အထိသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။
သို့ဖြစ်ရာ မန်စီးတီးအသင်းအနေဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာမှ ၂၀၀၉ ခုနှစ် မေလအထိ (၂၅) ပွဲဆက် ရှုံးပွဲမရှိကစားခဲ့သည့် မန်ယူအသင်း၏ စံချိန်ကိုကျော်ဖြတ်၍ ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်သစ်တင်ခဲ့သည်။
လီဗာပူးလ်အသင်းမှာလည်း လိုက်ပ်ဇစ်အသင်းအား အဝေးကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရပြီး ယခုရာသီ ပြိုင်ပွဲစုံတွင် အဝေးကွင်း(၆)ပွဲစလုံး နိုင်ပွဲရရှိထားသည်။
လီဗာပူးလ်အသင်းအနေဖြင့် အသင်းတည်ထောင်သည့် (၁၃၂) နှစ်အတွင်း ရာသီအဖွင့် အဝေးကွင်း(၆)ပွဲဆက် တိုက်အနိုင်ရခြင်းမှာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။
ထို့ပြင် နည်းပြဖြစ်သူ အာနယ်ဆလော့မှာလည်း အင်္ဂလိပ်ဘောလုံး၏ အဆင့်မြင့်လိဂ်တွင် ပထမဆုံးကိုင်တွယ်ရသည့် ပြိုင်ပွဲစုံ (၁၂) ပွဲအနက် (၁၁)ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်နိုင်သည့် ပထမဆုံးမန်နေဂျာအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ပွဲစဉ် (၃) အပြီးတွင် အင်္ဂလန်ကလပ် အက်စတွန်ဗီလာနှင့် လီဗာပူးလ်အသင်းတို့က ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ထိပ်ဆုံးမှ ပူးတွဲဦးဆောင်လျက်ရှိသည်။
ဇယားထိပ်ဆုံးရှစ်သင်းမှာ ရှုံးထွက် (၁၆) သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရမည်ဖြစ်ပြီး အဆင့် (၉) မှ (၂၄) အထိအသင်းများမှာ Play-offs နှစ်ကျော့ထပ်မံကစား၍ အနိုင်ရသည့်ရှစ်သင်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။
လက်ရှိ အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည့် အသင်း (၈) သင်းတွင် ပရီးမီးယားလိဂ်ကလပ်အသင်း (၃) သင်း၊ ပြင်သစ်ကလပ်အသင်း (၂) သင်း၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေနှင့် ပေါ်တူဂီလိဂ်ပြိုင်ပွဲတို့မှ ကလပ်အသင်းတစ်သင်းစီ ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
