အာဆင်နယ်အသင်း၏နည်းပြဟောင်း အာစင်ဝင်းဂါးက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)အနေဖြင့် ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်ကို အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြအဖြစ် မခန့်အပ်သင့်ဟု ဝေဖန်ပြောကြားခဲ့သည်။
FA သည် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကာလရှည်ကိုင်တွယ်ခဲ့သည့် နည်းပြ ဆောက်ဂိတ်နှင့်လမ်းခွဲခဲ့ပြီး အင်္ဂလန်ယူ-၂၁ နည်းပြ လီကာစလေကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
ယင်းနောက် FA သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း အောင်မြင်မှုရရန်အတွက် ထိပ်တန်းနည်းပြတစ်ဦးကို ခန့်အပ်ရန် ချိန်ရွယ်ခဲ့ပြီး ပြီးခဲ့သည့်အပတ်က ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်ကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အာစင်ဝင်းဂါးက FA အနေဖြင့် လက်ရွေးစင်နည်းပြရာထူးအား အင်္ဂလိပ်နည်းပြတစ်ဦးဦးကိုသာ ခန့်အပ်သင့်သည်ဟုလည်း ဆိုခဲ့သည်။
"လက်ရွေးစင်အသင်းဆိုတာ တစ်နှစ်မှာ (၁၀)ပွဲလောက်ပဲ ယှဉ်ပြိုင်ကစားရတာကြောင့် ကျွန်တော်ကတော့ Part-time အလုပ်တစ်ခုလို့ပဲ အမြဲတွေးပါတယ်။ အင်္ဂလန်မှာ ကျွန်တော် အလုပ်လုပ်နေကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းကို အင်္ဂလိပ်နည်းပြပဲ ကိုင်တွယ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအမြင်က မပြောင်းလဲသေးပါဘူး။ အခု သူတို့ တူဟယ်လ်ကို နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ တူဟယ်လ်က ပြီးပြည့်စုံတဲ့ နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ သီချင်းကို သီဆိုနိုင်မယ့်သူကိုပဲ နည်းပြအဖြစ် ခန့်အပ်သင့်ပါတယ်"ဟု အာစင်ဝင်းဂါးက ဆိုခဲ့သည်။
ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်သည် ဆွီဒင်လူမျိုးနည်းပြ အဲရစ်ဆင်(ကွယ်လွန်)နှင့် အီတလီလူမျိုးနည်းပြ ကာပယ်လိုတို့ပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရသည့် တတိယမြောက်နိုင်ငံခြားသားနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
FA သည် တူဟယ်လ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ (၁၈)လစာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
