မေဂျာလိဂ်အကောင်းဆုံးကစားသမားဆု အတွက် ဆန်ခါတင်(၅)ဦးစာရင်းတွင် အင်တာမိုင်ယာမီအသင်းမှ မက်ဆီနှင့် ဆွာရက်ဇ်တို့ ပါ ဝင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ရာသီ မေဂျာလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းများကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ အကောင်းဆုံးကစား သမားဆုအတွက် ဆန်ခါတင်(၅)ဦးစာရင်းတွင် မက်ဆီနှင့် ဆွာရက်ဇ်တို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။
မေဂျာလိဂ်အကောင်းဆုံးကစားသမားဆု ဆန်ခါတင်(၅)ဦးစာရင်းတွင် အင်တာမိုင်ယာမီအသင်းမှ မက်ဆီနှင့် ဆွာရက်ဇ်၊ ဘန်တီကီ(ဒီစီယူ နိုက်တက်)၊ အီဗန်ဒါ(ပေါ့တ်လန်းတင်ဘာစ်)၊ ကူချိုဟာနန်ဒက်ဇ်(ကိုလံဘတ်စ်ခရူ)တို့ ပါဝင်ခဲ့သည်။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ခရစ္စအာမက်စ်(ကော်လို ရာဒိုရက်ပစ်)၊ မာတီနို(အင်တာမိုင်ယာမီ)၊ နန်စီ (ကိုလံဘတ်စ်ခရူ)တို့ ပါဝင်ခဲ့သည်။
မက်ဆီက အကောင်းဆုံးကစားသမားဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေပြီး ကိုလံဘတ်စ်ခရူအသင်းနည်းပြ နန်စီက အကောင်းဆုံးနည်းပြဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
မေဂျာလိဂ်သည် အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံးနောက်တန်းဆုများကိုလည်း သီးသန့်ချီးမြှင့်သွားမည်ဖြစ်ရာ အကောင်းဆုံး နောက်တန်းဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် မက်ဆီ၏အသင်းဖော် အယ်လ်ဘာလည်း ပါဝင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
