အာဆင်နယ်အသင်း၏ ကစားသမားဟောင်း ပေါလ်မာဆင်က အာဆင်နယ်အသင်းအနေဖြင့် ယခုတစ်ပတ်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အိမ်ကွင်း၌ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပါက ချန်ပီယံပြေးလမ်းမှ ထွက်ခွာရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး၌ (၂၁)မှတ်ဖြင့် ရပ်တည်နေပြီး အာဆင်နယ်အသင်းက (၁၇)မှတ်ဖြင့် တတိယနေရာတွင် ရှိနေသည်။
အာဆင်နယ်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ လီဗာပူးလ်အသင်းကို ဧည့်ခံကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက အမှတ်ကွာဟမှုကို လျှော့ချနိုင်မည်ဖြစ်သော်လည်း ရှုံးနိမ့်ခဲ့ပါက လီဗာပူးလ်အသင်းနှင့် (၇)မှတ်အထိ ကွာဟသွားမည်ဖြစ်သည်။
ထို့ကြောင့် ပေါလ်မာဆင်က ရှုံးနိမ့်လျှင် ချန်ပီယံပြေးလမ်းမှ ထွက်ခွာရလိမ့်မည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။
"ဒီပွဲမှာ အာဆင်နယ်အသင်း ရှုံးနိမ့်ခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံဆု ရယူနိုင်ခဲ့မယ်ဆိုရင် အံ့အားသင့်စရာ ဖြစ်ပါလိမ့်မယ်။ လက်ရှိအချိန်မှာ သူတို့အနေနဲ့ တစ်သင်းတည်းနဲ့ ပြိုင်နေရတာမဟုတ်ပါဘူး။ နှစ်သင်းနဲ့ ပြိုင်နေရတာပါ။ ဒီပွဲပြီးရင် နောက်ထပ်(၂၉)ပွဲ ကျန်နေသေးတယ်ဆိုပေမဲ့ ရာသီအစမှာဆိုရင် (၃၈)ပွဲ ကစားဖို့ ကျန်နေတာပါ။ ကျွန်တော်က မန်စီးတီးနဲ့ လီဗာပူးလ် ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောရင် ခင်ဗျားက အာဆင်နယ်လည်း ဖြစ်နိုင်တယ်လို့ ပြောလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို (၇)မှတ်အသာပေးထားမယ်ဆိုရင် ချန်ပီယံဆုကို နှစ်တစ်သန်းလောက်အတွင်းမှာ ရယူနိုင်မှာမဟုတ်ပါဘူး။ အခုက (၂၉)ပွဲပဲ ကျန်တော့မှာပါ။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံပြေးလမ်းပေါ်က ထွက်သွားရလိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်း၏ အခြားဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် အီယန်ရိုက်ကမူ နည်းပြ အာတီတာအနေဖြင့် လီဗာပူးလ်နှင့်ပွဲတွင် ဆယ်ကျော်သက်ကစားသမား နွမ်နရီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသင့်သည်ဟု အကြံပြုခဲ့သည်။ ၎င်းက နွမ်နရီကို ဒက်ကလန်ရိုက်စ်၊ မယ်ရီနိုတို့နှင့်အတူ ပွဲထုတ်သင့်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
