မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် FX Trading Platform မှတဆင့် စက်သုံးဆီ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သည့်နိုင်ငံခြားငွေကို ရောင်းချပေးရာတွင် FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ သန်း (၁၀၀၀) ကျော်ခန့်ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းပမာဏသည် ၂၀၂၄ ခုနှစ် ဗဟိုဘဏ်က ဧပြီလမှ အောက်တိုဘာလအတွင်း ရောင်းချပေးထားသည့် ပမာဏဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်မည့်သူ၊ ဆေးကုရန်သွားမည့်သူနှင့် ပညာသင်သွားရောက်မည့်သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၃၀၀)မှ (၅၀၀) ခန့်ကို ရောင်းချပေးခြင်းအား ပြီးခဲ့သည့် မေလ(၃၁)ရက်မှစ၍ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရ နှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသူများကိုလည်း ပြီးခဲ့သည့် သြဂုတ်လ (၁၈)ရက်မှစ၍ ရောင်းချပေးနေပြီး ထိုသို့ရောင်းချရာတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြောညာပေးလျက်ရှိသော Online Trading Rate+ ၁၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
AD လိုင်စင်ရဘဏ်များ၏ ဝယ်ယူရရှိနိုင်သည့် ကောင်တာများစာရင်းကို ဘဏ်များ၏ Website နှင့် Facebook Page များတွင် အသေးစိတ်အချက်အလက်များဖြင့် ကြေညာထားရှိပြီး Money Changer လိုင်စင်ရကုမ္ပဏီများ၏ Facebook Page များတွင်လည်း အသေးစိတ်အချက်အလက်များဖြင့် ကြေညာထားရှိပြီးဖြစ်သည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်ပသို့အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများအတွက် လေယာဉ်လက်မှတ်ကုန်ကျစရိတ်များအား FX Online Trading တွင်ဝယ်ယူရရှိနိုင်ရေးကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
