မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် နိုင်ငံတကာပွဲစဉ်များ ကစားရမည့် ရက်သတ္တ ပတ်မတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရန်အတွက် စီစဉ်လျက်ရှိပြီး အာရှ အင်အားကြီးအသင်းများနှင့် ခြေစမ်းပွဲယှဉ် ပြိုင်ကစားနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မီဒီ ယာဒါရိုက်တာ ဦးဇော်မင်းထိုက်က Eleven Sports သို့ ပြောကြားသည်။
''လာမယ့် ၂၀၂၁ ထဲမှာ မြန်မာ့လက်ရွေး စင်အသင်းအနေနဲ့ နိုင်ငံတကာပွဲစဉ်တွေကို ကစားရဖို့ ရှိပါတယ်။ အဲဒီပွဲစဉ်တွေအတွက် ကြိုတင်ပြီး ပြင်ဆင်တဲ့အနေနဲ့လည်း မြန်မာ့ လက်ရွေးစင်အသင်း ခြေစမ်းပွဲတွေကစားဖို့ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်က ချိတ်ဆက်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကစားဖို့ရှိတဲ့အသင်းတွေထဲမှာ အာရှအင် အားကြီးအသင်းတွေပါသလို အကျိုးရှိမယ့် ခြေစမ်းပွဲတွေဖြစ်လာမယ့် အသင်းတွေလည်း ပါဝင်ပါတယ်။ အသင်းတချို့ကတော့ သူတို့ ဆီမှာ လာကစားဖို့အတွက် ကမ်းလှမ်းတာရှိ သလို တချို့ကိုတော့ ပြည်တွင်းမှာပဲ ဖိတ်မလား၊ ကိုယ်က သွားကစားမလားဆိုတာ မသိသေး ပါဘူး။ ဒါကတော့ ဆွေးနွေးရမယ့်ဟာပါ။ နောက်တစ်ချက်ကတော့ နည်းပြချုပ်ရဲ့ဆန္ဒ ပါ။ ဒါကတော့ အရေးကြီးပါတယ်။ သူ့အနေနဲ့ ဘယ်အသင်းတွေနဲ့ ကစားချင်တယ်။ ဘယ်လို ပြင်ဆင်ချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါ တယ်။ နည်းပြချုပ်ရဲ့ သဘောထားကိုလည်း မေးမြန်းထားပါတယ်။ လက်ရှိမှာကလည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အခြေအနေ ဆိုတော့ အလောတကြီး ဆုံးဖြတ်လို့မရတာ တွေလည်း အများကြီးရှိပါတယ်'' ဟု ဦးဇော် မင်းထိုက်က ပြောကြားသည်။
မြန်မာ့လက်ရွေးစင်အသင်း၏ အာရှ ဖလားနှင့် ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ် ပွဲ အုပ်စုလက်ကျန်ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ် မတ်နှင့် ဇွန်တွင်ကစားရန် အာရှဘောလုံး အဖွဲ့ချုပ် (AFC) က သတ်မှတ်ထားပြီး ယင်း ကာလမတိုင်မီ ခြေစမ်းပွဲကစားနိုင်ရန်အတွက် အသင်းများက စီစဉ်နေခြင်းဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းအနေဖြင့် ယခုနှစ်အတွင်း မည်သည့်နိုင်ငံတကာပွဲစဉ်မှ ကစားရန်မရှိ တော့ဘဲ ဆူဇူကီးဖလားပြိုင်ပွဲမှာလည်း ဖျက် သိမ်းထားသောကြောင့် ၂၀၂၁ ခုနှစ်အတွင်း ကစားရန်ရှိသည့် နိုင်ငံတကာပြိုင်ပွဲများ အတွက်သာ ပြင်ဆင်မှုများ ပြုလုပ်ရတော့ မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
