■ ဝုလ်ဗ် ၂-၁ ချယ်လ်ဆီး
ရလဒ်တွေဆက်တိုက်ကောင်းခဲ့တဲ့ နည်းပြလမ်းပတ်ရဲ့ချယ်လ်ဆီးအသင်းကတော့ အဝေးကွင်း (၂)ပွဲဆက်အရှုံးနဲ့အတူ ဒီဇင်ဘာပွဲကျပ်ကာလမှာ ဖိအားပြန်ဝင်သွားခဲ့ပြီလို့ ဆိုရပါမယ်။ ပြီးခဲ့တဲ့ပွဲမှာ အဲဗာတန်ကိုရှုံးခဲ့လို့ ချယ်လ်ဆီးအသင်းဒီနေ့ပွဲမှာ ရလဒ်ကောင်းရဖို့ပြင်ဆင်လာခဲ့ပေမဲ့ ဝုလ်ဗ်အသင်းရဲ့ မထင်မှတ်တဲ့တုံ့ပြန်မှုတွေနဲ့အတူ (၂)ပွဲဆက်အရှုံးကိုကြုံတွေ့ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဖိအားပိုဖြစ်စေခဲ့တာက အရှုံးရလဒ်အပြင် ကစားသမားသစ်တွေဖြစ်တဲ့ ဟာဗက်ဇ်၊ ဗာနာတို့ဆီက ထိပ်တန်းအဆင့်အရည်အသွေးကို မြင်တွေ့ဖို့ခက်နေတာဖြစ်ပြီး ဒါဟာအချိန်ကြာလာတာနဲ့အမျှ အသင်းအတွက်ရော ကစားသမားတွေအတွက်ပါ ဝန်တစ်ခုဖြစ်စေမှာ သေချာပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲတုန်းကလိုပဲ ပြိုင်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်ထိုးနှက်ချက်ကိုခံစားခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ (၁)လခွဲအတွင်း ကျစ်ကျစ်လျစ်လျစ်ရှိခဲ့တဲ့ ခံစစ်ပိုင်းဟာလည်း နောက်ပိုင်းပွဲတွေမှာ လျော့တိလျော့ရဲဖြစ်လာတာကိုလည်းမြင်တွေ့ရပါတယ်။ နည်းပြလမ်းပတ်အတွက်တော့ ဒီဇင်ဘာပွဲကျပ်ကာလ၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကာလရောက်မှ ရှုံးပွဲတွေဆက်ခဲ့တာဖြစ်လို့လည်း ပိုပြီးစိတ်ပျက်စရာဖြစ်စေမှာပါ။
ဇီယာ့ချ်မပါဝင်နိုင်တဲ့ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်နဲ့ကွင်းလယ်ချိတ်ဆက်မှုက အားနည်းချက်တွေရှိခဲ့ပြီး ကစားသမားသစ် ဟာဗက်ဇ်ဟာ ပရီးမီးယားလိဂ်နဲ့အသားကျဖို့ အတော်လေးကိုခက်ခဲနေတာ တွေ့ရပါတယ်။ ပူလီဆစ် ပြန်ပါလာပေမယ့် တစ်ကိုယ်တော်ထိုးဖက်မှုတွေများနေခဲ့သလို ပြိုင်ဘက်ခံစစ်ရဲ့ ခပ်မာမာတုံ့ပြန်မှုတွေကြောင့်လည်း အခွင့်အရေးဖန်တီးမှုပိုင်းမှာ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။
ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိအားပေးကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်းရခဲ့ပေမယ့် ဂိုးတွေအဖြစ်မပြောင်းလဲထားနိုင်ခြင်း မရှိသလို ပထမပိုင်းပြီးခါနီး ဇူးမားရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့တာကလည်း ချယ်လ်ဆီးကို ကံဆိုးစေခဲ့တယ်လို့ ဆိုရမှာပါ။
တိုက်စစ်မှူး ဗာနာကရုန်းကန်အားရှိပေမယ့် အဆုံးသတ်ပိုင်းနဲ့ အသင်းဖော်တွေနဲ့ချိတ်ဆက်မှုအပိုင်းမှာ အားနည်းခဲ့သလို မာကျောတဲ့ခံစစ်တွေနဲ့တွေ့ရင် ကစားကွက်ပိုကျပ်သွားတာကိုလည်းတွေ့ရပါတယ်။ ချီဝဲလ်နဲ့ ရီးစ်ဂျိမ်းစ်တို့ရဲ့ ခံစစ်အစွန်နှစ်ဖက်က အတက်အဆင်းမှန်မှန်နဲ့အသက်ဝင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်ကိုလည်း သတိကြီးကြီးထားတောင့်ခံနေရာတာမို့ ပေါ့ပေါ့ပါးပါးမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းကို (၂)ကျော့စလုံးရှုံးနိမ့်ခဲ့တဲ့ ဝုလ်ဗ်အသင်းအတွက်ကတော့ အလှပဆုံးလက်စားချေမှုဖြစ်ခဲ့ပြီး ပြိုင်ဘက်ရဲ့ခံစစ်ဟာကွက်တွေကိုအသုံးချကာ ကောင်းမွန်ထိရောက်တဲ့တန်ပြန်တိုက်စစ်တွေနဲ့ ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကို ဖန်တီးသွားခဲ့တာပါပဲ။
ဟီမင်နက်ဇ်မပါဝင်နိုင်တဲ့တိုက်စစ်ကို နေတို၊ ပိုဒန့်စ်နဲ့ ဖေဘီယိုဆေးလ်ဗားတို့တွဲဖက်ဦးဆောင်သွားခဲ့ပြီး ချယ်လ်ဆီးခံစစ်ကိုနေရာစုံကနေအလုပ်ရှုပ်စေခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ဝုလ်ဗ်အသင်းရဲ့တိုက်စစ်ကစားပုံ သွက်လွန်းခဲ့ပြီး တောင်ပံတိုက်စစ်အားတွေနဲ့ ချယ်လ်ဆီးအသင်းကိုဖိအားပေးခဲ့ပါတယ်။
ဒီနေ့ပွဲရဲ့အဖွင့်ဂိုးကို ချယ်လ်ဆီးအသင်းကရရှိခဲ့တာဖြစ်ပြီး ပွဲချိန် (၄၉)မိနစ်မှာ ဂျရူးကသွင်းယူပေးခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် (၆၆)မိနစ်မှာ ပိုဒန့်က ဝုလ်ဗ်အသင်းအတွက် ချေပဂိုးကို လှလှပပကန်သွင်းယူခဲ့ပြီး ဝုလ်ဗ်အသင်းအတွက်အဖိုးတန်အနိုင်ဂိုးကိုတော့ နာကျင်အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် နေတိုက သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဝုလ်ဗ်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး (၂)ပွဲဆက်ရှုံးခဲ့တဲ့ ချယ်လ်ဆီးအသင်းကတော့ လာမယ့်ပွဲတွေမှာ ပိုပြီးရုန်းကန်ရတော့မှာ သေချာပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
