အာဆင်နယ်နည်းပြ အာတီတာက အသင်းရလဒ်များ ဆိုးရွားနေခြင်းအတွက် မိမိတွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) အပြီးတွင် (၄)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၇)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၁၃)မှတ်ဖြင့် အဆင့် (၁၅)နေရာ၌ ရပ်တည်နေသည်။
အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲတွင် နိုင်ပွဲမရှိဘဲ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့ကာ (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းမှာ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး အာတီတာက ဝေဖန်မှုများကို လက်ခံကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အာတီတာက "ဒါက သဘာဝပါပဲ။ ဝေဖန်မှုတွေကို ကျွန်တော် လက်ခံပါတယ်။ ဒါက အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အသင်း ရလဒ်ဆိုးရွားမှုတွေအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်က နည်းပြပါပဲ။ ဒါကြောင့် ပြစ်တင်ဝေဖန်မှုတွေကို ကျွန်တော် လက်ခံပါတယ်။ ဘောလုံးမှာ ဘယ်လိုပဲ အကြောင်းတွေပဲရှိရှိ အဓိကတော့ ပွဲတွေ နိုင်ဖို့ပါပဲ။ အာဆင်နယ်အသင်းက အသင်းကြီးတစ်သင်းဖြစ်ပြီး အခုလို ရလဒ်တွေဆိုးရွားနေတာကို လက်ခံနိုင်စရာ မရှိပါဘူး"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)အဖြစ် ဒီဇင်ဘာလ (၁၆)ရက်တွင် ဆောက်သမ်တန်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
