ရှော်လ်ကေး - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၆ ရက် ည ၁၂:၀၀ နာရီ)
ဖရိုင်းဘတ်က နိုင်ပွဲပြန်တွေ့ပြီး ရလဒ်တွေလည်း ပြန် ကောင်းလာတယ်။ ဒါပေမဲ့ တန်းဆင်းဇုန်ပြိုင်ဘက်တွေထံက ရှော်လ်ကေး အမှတ်ခွဲယူဖို့ ကြိုးပမ်းဦးမှာပါ။
ဘိုင်ယန်မြူးနစ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၂:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်က နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲအထိ နိုင်ပွဲပျောက်ပြီး လိုက်ပ်ဇစ်ရဲ့အမှတ်တူဖိအားလိုက်ပေးမှုကို ခံလာရပြီ။ ချန်ပီယံလိဂ်မှာ အရန်တွေကိုပဲသုံးပြီး ဘွန်ဒစ်လီဂါဘက်ကို အင်ပြည့်အားပြည့်ကစားနေတဲ့အချိန်မှာ ဘိုင်ယန်အသင်း နိုင်ပွဲတွေပျောက်ဆုံးနေတာကတော့ အံ့အားသင့်စရာပါ။ ဝုလ်ဖ်ဘတ်က လက်ရှိမှာ လေဗာကူဆင်နဲ့အတူ ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ရပ်တည်နေပြီး နောက်ပိုင်းမှာ နိုင်ပွဲတွေလည်း ပိုများလာတယ်။ ဒါပေမဲ့ ဘိုင်ယန်နဲ့နောက်ဆုံးတွေ့ဆုံမှု (၁၂)ပွဲမှာ ဝုလ်ဖ်ဘတ် (၁)ပွဲသာသရေကျပြီး ပွဲတိုင်းရှုံးခဲ့တယ်။ ဒီပွဲလည်း ဘိုင်ယန်ဘက်ကပဲ ရပ်တည်သင့်တယ်။
ဟော်ဖန်ဟင်မ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၂:၀၀ နာရီ)
လိုက်ပ်ဇစ်က ဒီရာသီဘွန်ဒစ်လီဂါအဝေးကွင်းပွဲတွေမှာ တစ်ပွဲသာအနိုင်ရခဲ့ပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ ကစားခဲ့ရတာ ထည့်တွက်ရမယ်။ ဟော်ဖန်ဟင်မ်က အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ တိုက်စစ်ခြေစွမ်းပြထားလို့ လိုက်ပ်ဇစ်ခံစစ် သတိထား ကစားရမယ့်အနေအထားပါ။ ချန်ပီယံလိဂ်အရှိန်ရနေတဲ့ လိုက်ပ်ဇစ် နိုင်ပွဲဆက်ဖို့များတယ်။
ကိုလုံး - လေဗာကူဆင် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၂:၀၀ နာရီ)
ဒီနှစ်သင်းကြားမှာ အဆင့်ချင်းအတော်ကွာပါတယ်။ ဒါပေမဲ့ ကိုလုံး ခြေတက်လာလို့ လေဗာကူဆင် ရုန်းကန်ရနိုင်တယ်။ လေဗာကူဆင် ဂိုးပြတ်နိုင်ဖို့မရှိလို့ အိမ်ရှင်နဲ့ စွန့်စားသင့်တယ်။
အာမီးနီးယား - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် နံနက် ၂:၀၀ နာရီ)
အာမီးနီးယားက တန်းဆင်းဇုန်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့အသင်းတွေကို အိမ်ကွင်းမှာ အနိုင်ကစားထားတယ်။ ဒီပွဲလည်း အာမီးနီးယား အမှတ်ယူလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
