ကစားသမားများအပေါ် မယုံကြည်ပါက မိမိအလုပ်မလုပ်တော့ဟု ဘာစီလိုနာအသင်းနည်းပြ ကိုးမန်း ပြောကြား
24htopnews | October 25, 2024 6:12 PM CST
ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက မိိမိအနေဖြင့် အသင်း၏ကစားသမားများကို မယုံကြည်ပါက အလုပ်လုပ်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ဘာစီလိုနာအသင်းမှာ လာလီဂါ ပြိုင်ပွဲတွင် ဖိအားများနှင့် ကြုံတွေ့နေရပြီး ကိုးမန်းအနေဖြင့် ကစားသမားများ နှင့် ဆက်ဆံရေးအဆင်မပြေကြောင်း သတင်းများထွက်ပေါ်နေမှုအပေါ် ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုးမန်းက "ကျွန်တော့်အနေနဲ့ အသင်းက ကစားသမားတွေအပေါ် စိတ်ချယုံကြည်မှုမရှိဘူးဆိုရင် ဒီအလုပ်ကို ကျွန်တော်လုပ်မနေတော့ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီအသင်းမှာ သက်သောင့်သက်သာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုးတက်မှုတွေရှိအောင်ကြိုးစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် ၁၁ ပွဲ ကစားပြီးချိန်တွင် ၄ ပွဲရှုံးနိမ့်ထားပြီး အဆင့် ၈ နေရာသို့ရောက်ရှိနေသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
