MNL ကလပ် ဟံသာဝတီအသင်းသည် ၂၀၂၁ ရာသီအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး Southern အသင်းနှင့် လမ်းခွဲထားသည့် ဂိုးသမားပြည့်ဖြိုးအောင်ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ဟံသာဝတီအသင်းသည် ဖေဖော်ဝါရီမှသာ ရာသီသစ်အတွက် စတင်လေ့ကျင့်မည်ဖြစ်သော်လည်း ကစားသမားသစ်ခေါ်ယူမှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ပြည့်ဖြိုးအောင်ကို ခေါ်ယူရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။
ဟံသာဝတီအသင်းသည် ပြည့်ဖြိုးအောင်ကို သုံးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ ပြည့်ဖြိုးအောင်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို Southern တစ်သင်း တည်းတွင်သာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖြတ်သန်းခဲ့သူဖြစ်ပြီး Southern အသင်းက လာမည့်ရာသီတွင် နုတ်ထွက်လိုကြောင်း စာတင်ပြထားသောကြောင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။
ဟံသာဝတီအသင်းသည် လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် AFC Cup ပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် လက်ရွေးစင်အဆင့်ရှိကစားသမားများ အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။ "လာမယ့်ရာသီအတွက် ခေါ်ယူဖို့ ကစားသမားတွေနဲ့ စကားပြောထားတာတွေ ရှိပါတယ်။ အရင်ဆုံး ပြည့်ဖြိုးအောင်နဲ့သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ သူနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှုရခဲ့တာကြောင့် အရင်ဆုံးခေါ်ယူဖြစ်သွားတာပါ။ လာမယ့်ရက်ပိုင်း အတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး သုံးနှစ်စာချုပ်မှာပါ။ သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဂိုးသမားအပိုင်းမှာ အင်အားပိုတောင့်တင်းသွားပါတယ်"ဟု အုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။
ဟံသာဝတီအသင်းသည် ရာသီကြိုကာလတွင် လက်ရွေးစင်အဆင့်ရှိ ကစားသမားများ ထပ်မံခေါ်ယူမည်ဖြစ်ပြီး ယခုလအတွင်း ကစားသမားအများစု ထပ်မံခေါ်ယူမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ဂိုးသမားတစ်ဦးခေါ်ယူထားပြီးဖြစ်သောကြောင့် ခံစစ် နှင့် ကွင်းလယ်ကို ဦးစားပေးအင်အားဖြည့်တင်းမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ခံစစ်အတွင်းလူ၊ ညာနောက်ခံလူ၊ ကွင်းလယ်ခံစစ်ကစားသမားနှင့် တောင်ပံကစားသမားများ ခေါ်ယူရန် စီစဉ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
