ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ် ရေးဆွဲပွဲတွင် ဘာစီလိုနာနှင့် PSG အသင်း ထိပ်တိုက်တွေ့ဆုံပြီးနောက် PSG တိုက်စစ်မှူး နေမာက အသင်းဖော်ဟောင်းဖြစ်သူ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီထံ မက်ဆေ့ချ်ပေးပို့ခဲ့ကြောင်းသိရသည်။
နေမာသည် သူ၏ Twitter စာမျက်နှာတွင် ပေါ်တူဂီဘာသာစကားဖြင့် Nos vemos em breve meu amigo (မကြာမီပြန်ဆုံတွေ့ကြမယ် သူငယ်ချင်း)ဟု ရေးသားကာ Ballon d'Or ဆုပေးပွဲတွင် ၎င်းတို့နှစ်ဦး ပွေ့ဖက်နေသည့်ပုံဖြင့် တင်ရှိခဲ့ခြင်းဖြစ်သည်။
နေမာသည် လက်ရှိ၌ လိုင်ယွန်အသင်း နှင့် လီဂူးပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သည့်အတွက် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမည်ဖြစ်ပြီး ဆေးစစ်ဆေးမှုများအရ ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း သိရသည်။ နေမာသည် ဒဏ်ရာရရှိချိန်တွင် မျက်ရည်ကျ သည်အထိ နာကျင်ခံစားခဲ့ရခြင်းကြောင့် စိုးရိမ်ဖွယ်ရှိသည်ဟု ယူဆခဲ့ကြသော်လည်း ယင်းအခြေအနေကို ရှောင်လွှဲနိုင်ခဲ့ကြောင်း PSG အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။
နေမာသည် ခြေချင်းဝတ်အရိုး ကျိုးသွားခြင်းမရှိသောကြောင့် ခွဲစိတ်ကုသရန်လည်း လိုအပ်မည်မဟုတ်ဘဲ ရက်သတ္တပတ်အနည်းငယ်သာ အနားယူရမည်ဟု သိရသည်။
မဲခွဲပွဲအပြီး ချန်ပီယံရေပန်းစားမှု
ဘိုင်ယန်မြူးနစ် ၁၁း၄ လေး
မန်စီးတီး ရး၂ လေး
လီဗာပူးလ် ၁၁း၂ လေး
PSG ၁၁း၁ လေး
ဂျူဗင်တပ်စ် ၁၂း၁ လေး
ရီးယဲလ်မက်ဒရစ် ၁၄း၁ လေး
ချယ်လ်ဆီး ၁၆း၁ လေး
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
