ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်း ဆောင်နှင့် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ရွေးချယ်သည့် ထာဝရအကောင်းဆုံး Dream Team တွင် ရွေးချယ်ခံရသည့်အတွက် အလွန်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
" ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ထာဝရအကောင်းဆုံး (၁၁) ယောက်မှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခဲ့လို့ အလွန်ဂုဏ်ယူမိပါတယ်။ အံ့အားသင့်စရာကောင်းတဲ့ Dream Team အသင်းဖြစ်ပြီး ရွေးချယ်ခံရသူအားလုံးကို လေးစားချီးကျူးမိပါတယ်။ ဒီလို သာမန်ထက်ထူးကဲတဲ့ ကစားသမားတွေကြားမှာ ရှိနေခဲ့လို့ ကျွန်တော် အမှန်တကယ် ဂုဏ်ယူရပါတယ်။ ကျေးဇူးတင်ပါတယ်" ဟု စီရော်နယ်လ်ဒိုက သူ၏ Twitter တွင် Ballon d'Or ဆုရရှိစဉ် ကပုံနှင့်အတူ တင်ရှိခဲ့သည်။
ပြင်သစ်ဘောလုံး မဂ္ဂဇင်း(France Football)သည် ယခုနှစ်တွင် Ballon d'Or ဆု ချီးမြှင့်ခြင်း မပြုသော်လည်း ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်း Ballon d"Or Dream Team ကို ရွေးချယ်ခဲ့ရာ ယင်းကစားသမား (၁၁) ဦးတွင် လက်ရှိဘောလုံးကစားနေသူများထဲမှ စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သာ ပါဝင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအကောင်းဆုံးအသင်းကို (၃-၄-၃)ပုံစံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်လွှားမှ အားကစားဂျာနယ်လစ် (၁၄၀) ဦး၏ဆန္ဒမဲအပေါ်အခြေခံကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့ ပြင် အကောင်းဆုံး Dream Team ကိုသာမက ဒုတိယနှင့် တတိယအကောင်းဆုံးအသင်းများကိုလည်း ရွေးချယ်ထုတ်ပြန်ခဲ့သည်။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အဆိုပါကစားသမားများအား Dream Team တွင် ရွေးချယ်ရသည့်အကြောင်းကို ရှင်းလင်းဖော်ပြမှုလည်း ပြုလုပ်ခဲ့သည်။
Ballon d"Or Deram Team
First Team Squad
ဂိုး - လက်ဗ်ယာရှင်
နောက်- ပေါ်လိုမာလ်ဒီနီ၊ ဘက်ကင်ဘောင်ဝါ၊ ကာဖူး
လယ် - ပီလီ၊ လိုသာမားသီးယက်စ်၊ ဇာဗီ၊ မာရာဒိုနာ
ရှေ့ - စီရော်နယ်လ်ဒို၊ ရော်နယ်လ်ဒို၊ မက်ဆီ
Second Team Squad
ဂိုး - ဘူဖွန်
နောက်- ရောဘတ်တိုကားလို့စ်၊ ဘာရီဆီ၊ အယ်လ်ဘာတို
လယ် - ဒီစတီဖာနို၊ ရီကတ်၊ ပီယာလို၊ ဇီဒန်း
ရှေ့ - ရော်နယ်လ်ဒင်ဟို၊ ယိုဟန်ခရိုက်ဖ်၊ ဂါရင်ချာ
Third Team Squad
ဂိုး - နူအာ
နောက်- ဘရိုက်တနာ၊ ရာမို့စ်၊ ဖိလစ်လမ်း
လယ် - အင်နီယေစတာ၊ ဒီဒီ၊ ယိုဟန်နီးစကင်၊ ပလာတီနီ
ရှေ့ - အွန်နရီ၊ ဗန်ဘက်စတန်၊ ဂျော့ချ်ဘတ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
