ဒေါ့မွန်အသင်းမှ နော်ဝေလူငယ်တိုက်စစ်မှူး ဟော်လန်းက သူ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှာ ကမ္ဘာ့အကောင်းဆုံးအေးဂျင့် ဖြစ်သည်ဟု Golden Boy ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ဟော်လန်းက ရိုင်အိုလာသည် ကမ္ဘာ့အကောင်းဆုံးအေးဂျင့်ဖြစ်ပြီး သူ့ကို အကူအညီများစွာ ပေးခဲ့ကြောင်း နှင့် ဆက်လက်လက်တွဲသွားလိုကြောင်း မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ဟော်လန်းက သူ၏အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းမှုကိုလည်း ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။ "ကျွန်တော့်ရဲ့ အနာဂတ်လား။ ဒေါ့မွန်အသင်းမှာ ကျွန်တော် ပျော်ရွှင်နေပါတယ်။ လူစီယန်ဖာ(မကြာသေးမီက ဒေါ့မွန် နည်းပြရာထူးမှ ထုတ်ပယ်ခံရသူ)နဲ့ ကောင်းမွန်တဲ့နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီး အဲဒီအတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ Ballon d'Or ဆုရရှိဖို့က ကျွန်တော့်အိပ်မက်ပါ။ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ Golden Boy ဆုရလို့ ပျော်ပါတယ်"ဟု ဟော်လန်းက ပြောကြားခဲ့သည်။
ဟော်လန်းက ၎င်းမှာ နာမည်ကျော်တိုက်စစ်မှူးများဖြစ်သည့် အီဘရာဟီမိုဗစ်နှင့် စီရော်နယ်လ်ဒိုတို့၏ ညှို့ငင်ဖမ်းစားမှုကို ခံထားရသူဟု ဝန်ခံခဲ့ပြီး အေစီမီလန်အသင်းမှ နော်ဝေတောင်ပံတိုက်စစ်ကစားသမား ဟာအူဂျယ်ကိုလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။
ဟော်လန်းသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ဖြင့် ဒေါ့မွန်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး လေးနှစ်ခွဲသက်တမ်းရှိစာချုပ် ချုပ်ဆိုထားသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
