မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြောင်းပြာချောင်းရေ မြင့်တက်ကာ ချောင်းအနီးရှိ ရပ်ကွက် (၄)ခု ရေကြီးနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများနှင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ သိရသည်။
ယနေ့ အောက်တိုဘာ (၂၅)ရက်၊ နံနက် (၇)နာရီ (၅၅)မိနစ်အချိန်ခန့်တွင် ပြောင်းပြာချောင်းရေ မြင့်တက်မှုကြောင့် မြင်းခြံမြို့နယ် အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်များအတွင်း ရေဝင်ရောက်နေကြောင်း သတင်းအရ မြင်းခြံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ အောက်တိုဘာ (၂၅)ရက်၊ နံနက် (၄)နာရီခွဲအချိန်ခန့်က မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀၀)ရပ်ကွက်၊ နယ်မြေ(၇)၊ မဟာဝါဠုကာရာမသဲ ပြင်ကျောင်းတိုက်အတွင်းရှိ အုတ်တံတိုင်း ပြိုကျရာမှ အမျိုးသား (၁)ဦး ေ-သဆုံးခဲ့ရပြီး (၁)ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၄)ရက်၊ ည (၇)နာရီ မိနစ် (၂၀) အချိန်ခန့်ကလည်း မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပြောင်းပြာချောင်းရေ မြင့်တက်လာရာ ချောင်းအနီးရှိ အိမ်ထောင်စုများအား မြင်းခြံခရိုင်နှင့် မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရေဘေးလွတ်ရာသို့ ညတွင်းချင်း ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ (၂၂)ရက်က မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး စွန်းလွန်းချောင်းရေ မြင့်တက်လာသည့်အတွက် အောက်တိုဘာ (၂၃) ရက်၊ နံနက်အစောပိုင်း(၂)နာရီအချိန်တွင် ချောင်းအနီးရှိ အိမ်ထောင်စုများအား မြင်းခြံခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရေဘေးလွတ်ရာသို့ ညတွင်းချင်း ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသေးကြောင်းလည်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
