နူးဒေလီ၊အောက်တိုဘာ ၂၅
အိန္ဒိယနိုင်ငံ၊ဩရိသပြည်နယ်၌ ဆိုက်ကလုန်းဒါနာကြောင့် ယာယီခိုလှုံရေးစင်တာသို့ ပြောင်းရွှေ့နေရသည့် ကိုယ်ဝန်ဆောင်မိခင် ၄,၄၃၁ ဦးအနက် အယောက် ၁,၆၀၀ သည် ကြာသပတေးနေ့တွင် ကလေ-းမွေးဖွားခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
အဆိုပါပြည်နယ်မှလူပေါင်း ၅၈၄,၈၈၈ ဦးကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီး အဆိုပါအရေအတွက်သည် သောကြာနေ့နံနက်တွင် ၆၀၀,၀၀၀ ကျော်အထိတက်သွားနိုင်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
“မုန်တိုင်းရှောင်ပြည်သူတွေအနေနဲ့ အစားအစာ၊ ဆေးဝါး၊ရေနဲ့ တခြားလိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပါ ထောက်ပံ့ပေးထားတဲ့ ယာယီခိုလှုံရေးစင်တာ ၆,၀၀၈ ခုမှာ ယာယီနေထိုင်နေကြပါတယ်” ဟုလည်းပြောကြားခဲ့သည်။
ဩရိသပြည်နယ်မှ လူပေါင်း ၁၇၂,၉၁၆ ဦးကို ဘေးလွတ်ရာပို့ဆောင်ခဲ့ပြီးနောက်တွင် မာရူဘန်ခရိုင်မှလူ ၁၀၀,၀၀၀ ကိုပါ ဘေးလွတ်ရာပြောင်းရွှေ့ထားကြောင်းပြောကြားခဲ့သည်။ထို့အပြင် ဘက်ဒရက်ခ်မြို့မှလူ ၇၅,၀၀၀ ဦး၊ဂျေပူရ်မှ ၅၈,၀၀၀ နှင့် ခန္ဒရာပါရာမှ ၄၆,၀၀၀ ဦးတို့ကိုပါဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟုဆိုသည်။
လက်ရှိအချိန်တွင် ခိုလှုံရေးစင်တာများမှ မီးဖွားခဲ့သော မိခင်နှင့်ကလေ-းများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကလည်း လိုအပ်သည့်ပြုစုကုသမှုများကို ဂရုတစိုက်လုပ်ဆောင်ပေးလျက်ရှိသည်ဟုလည်းသိရသည်။
Source : ဘစ်နစ်စတင်န်းဒတ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
