စင်ကာပူရောက်မြန်မာလုပ်သားများကို အလည်အပတ်နိုင်ငံကူးပတ်စ်ပို့ (PV)မှ အလုပ်အကိုင်ပတ်စ်ပို့ (PJ) အဖြစ် ပြောင်းလဲဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
PV အမျိုးအစား နိုင်ငံကူးလက်မှတ်နှင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ နေထိုင်ခွင့်ကတ်ကိုင်ဆောင်ထားကြသည့် မြန်မာနိုင်ငံသားများသည် ဝင်ငွေခွန်ပေးဆောင်ပြီးမှတ်တမ်းများနှင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ဝင်ရောက်ပြီး စင်ကာပူနိုင်ငံသို့ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်းကောင်း၊ OWIC ကတ်ပြုလုပ်ရာတွင်လည်းကောင်း အဆင်မပြေမှုများနှင့် ကြုံတွေ့ရသည့်အတွက် အကူအညီပေးရန် မြန်မာသံရုံးသို့ ဆက်သွယ်ပြောကြားမှုများရှိကြောင်း သိရသည်။
သို့ဖြစ်၍ မြန်မာသံရုံးအနေဖြင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ဝင်ငွေခွန်ဆောင်ကြသည့် မြန်မာနိုင်ငံသားများ ၏ အကျိုးငှာ မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသည့် အခြေနေအရ PV အမျိုးအစားမှ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသ ည်။
ထို့ကြောင့် မြန်မာသံရုံး၏ Whats App နံပတ်များတွင် ရက်ချိန်းရယူရန် အသွားအပြန်လက်မှတ်၊ သက်တမ်းရှိအလုပ်လုပ်ကိုင်ခွင့်ကတ်၊ နိုင်ငံကူးလက်မှတ်၊ အလုပ်ရှင်/ကုမ္ပဏီ ၏ ခွင့်စာများနှင့် ရက်သတ္တပတ်(၂)ပတ်ကြိုတင်ရက်ချိန်းရယူပြီးဆောင်ရွက်နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
