စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယဆွမ်းသပိတ်အလုံး(၅၀၀) လောင်းလှူပွဲကို ယနေ့ အောက်တိုဘာလ (၂၅) ရက် ၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။
“အရင် ကိုဗစ်ဖြစ်ကတည်းက ဘုရားကြီးပွဲမကျင်းပဘဲ အကျဉ်းချုံး ကျင်းပလာရာက အခုနှစ်မှာ သံဃာအပါး (၅၀၀) ပင့်ပြီး ဆွမ်းလောင်းနိုင်ခဲ့ပါတယ်။ ဆုတောင်းပြည့်ဘုရားဝန်းကျင် ဘုန်းတော်ကြီးကျောင်းနဲ့ မုံရွာမြို့ပေါ်ကျောင်းတွေက သံဃာအပါး (၅၀၀) ကို ဆွမ်းသပိတ်လောင်းလှုတာပါ”ဟု ဆုတောင်းပြည့်ဘုရား ဂေါပကတစ်ဦးကပြောသည်။
ဆုတောင်းပြည့်ဘုရားဝန်းကျင်မှ (၈) ကျောင်းမှသံဃာကုန်အပါအဝင် မုံရွာမြို့ပေါ်ဘုန်းတော်ကြီးကျောင်း (၇၇) ကျောင်းမှ သံဃာအပါး (၅၀၀)ကို တိုက်သပိတ်၊သံသပိတ်အလုံး (၅၀၀) ကပ်လှူခဲ့ခြင်းဖြစ်သည်။
“အရင်နှစ်တွေက ဗုဒ္ဒပူဇနိယပွဲအထိမ်းအမှတ်အဖြစ်ဆွမ်းသပိတ်နဲ့ ဆွမ်းချိုင့်တွေကို ဘုရားကြီး ပတ်ဝန်းကျင် (၈) ကျောင်း၊ သြဝါဒဆရာတော်ကျောင်း (၁၂)ကျောင်းအပါအဝင် ကျောင်းတိုက် (၃၀) လောက်ကိုသွားရောက်ကပ်လှုခဲ့ကြတာပါ”ဟု ဂေါပကတစ်ဦးက ပြောသည်။
မုံရွာမြို့ရပ်ကွက်များမှ ဆွမ်းသပိတ်အလှူရှင်များ ဆွမ်းနှင့်ဆွမ်းဟင်းများ လှူဒါန်းနိုင်ရန်အတွက် ဆုတောင်းပြည့်ဘုရားကြီးဂေါပကအဖွဲ့မှ တိုက်သပိတ်နှင့် သံသပိတ်များအားအခမဲ့ပေးဝေပေးခဲ့ပြီး ဆွမ်းသပိတ်အလုံး (၅၀၀) လောင်းလှူရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဆွမ်းသပိတ်အလုံး (၁၀၀) ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
