စတုဂတ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၀၀ နာရီ)
တန်းတက်ကလပ် ဟော်စတိုင်ကီလ်အသင်း နိုင်ပွဲမရှိသေးပေမဲ့ အဝေးကွင်းရလဒ် ကောင်းတယ်လို့ ပြောရမယ်။ စတုဂတ် သုံးဂိုးမပြတ်လောက်ဘူး။
လိုက်ပ်ဇစ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းက ကြားရက်မှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကျပ် ကစားထားရလို့ ဥရောပပွဲမရှိတဲ့ ဖရိုင်းဘတ်ထက်တော့ ပွဲပိုပန်းနေနိုင်တယ်။ ဒါပေမဲ့ ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ လိုက်ပ်ဇစ်ရဲ့လက်ရှိ Rhythm က အတော်မိနေတာ တွေ့ရတယ်။ အိုပန်ဒါနဲ့ ရှက်ရှကိုတို့ တွဲကစားနေတဲ့ လိုက်ပ်ဇစ်တိုက်စစ်က ထက်မြက်ပြီး တောင်ပံတွေက ထောက်ကူမှုလည်း အရမ်းကောင်းပါတယ်။ ဖရိုင်းဘတ်အသင်း ဒီရာသီမှာ ရလဒ်ကောင်းနေတယ်လို့ ဆိုနိုင်ပေမဲ့ တန်းတက်ကလပ် ဆန့်ပေါ်လီကို ဂိုးပြတ်ရှုံးတာမျိုးကျတော့ ယုံကြည်မှု လျော့ကျစေတယ်။ လိုက်ပ်ဇစ်ပဲ နိုင်ဖို့များတယ်။
အော့စ်ဘတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၀၀ နာရီ)
ဒေါ့မွန်အသင်းက အိမ်ကွင်း၊ အဝေးကွင်းကွာဟချက် အတော်ကြီးမားပါတယ်။ ဒီရာသီ အဝေးကွင်းနိုင်ပွဲ မရှိသေးသလို၊ (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ အော့စ်ဘတ်နဲ့ စွန့်စားချင်တယ်။
ဆန့်ပေါ်လီ - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၀၀ နာရီ)
ဝုလ်ဖ်ဘတ်က ဒီရာသီ အဝေးကွင်း(၃)ပွဲမှာ လေဗာကူဆင်ကိုသာ ကပ်ရှုံးပြီး ဟော်စတိုင်ကီလ်၊ ဘိုဟုမ်တို့ကို အနိုင်ကစားခဲ့တယ်။ ဝုလ်ဖ်ဘတ်ကိုပဲ ရွေးချယ်ချင်တယ်။
၀ါဒါဘရီမင် - လေဗာကူဆင် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၁၁:၀၀ နာရီ)
အံ့အားသင့်စရာကောင်းတာကတော့ ၀ါဒါဘရီမင်ရဲ့ ဒီရာသီ ရလဒ်ပိုင်းပါပဲ။ အဝေးကွင်း ရှုံးပွဲမရှိတဲ့အပြင် (၃)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပြီး အိမ်ကွင်းမှာတော့ သုံးပွဲစလုံး နိုင်ပွဲပျောက်ထားတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဒေါ့မွန်၊ ဘိုင်ယန်၊ ဖရိုင်းဘတ်တို့နဲ့ ကစားခဲ့ရတာဖြစ်ပြီး အခုလည်း လေဗာကူဆင်အသင်းနဲ့ ပွဲကျပ်ထပ်တွေ့နေတယ်။ လေဗာကူဆင်အသင်း ဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
