နာပိုလီ - လက်ချီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၇:၃၀ နာရီ)
နည်းပြ ကွန်တီရဲ့ နာပိုလီက အနိုင်ရသင့်တဲ့ပွဲတိုင်းကို အနိုင်ကစားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတယ်။ နောက်ဆုံးကစားတဲ့ အမ်ပိုလီနဲ့ပွဲမှာ လိုအပ်ချက်တချို့ရှိခဲ့ပေမဲ့ အနိုင် (၃)မှတ်ကိုတော့ ရယူနိုင်ခဲ့တယ်။ လက်ချီက အားနည်းချက်တွေ အရမ်းများပြီး ဖီအိုရင်တီးနားကိုလည်း ဂိုးဒါဇင်ဝက်ပေးခဲ့ရတယ်။ နာပိုလီ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ဦးမှာပါ။ (၃-၁၊ ၃-၀) ရလဒ်တွေ ဖြစ်နိုင်တယ်။
ဘိုလော့ဂ်နာ - အေစီမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၁၀:၃၀ နာရီ)
ဘိုလော့ဂ်နာက ကစားပုံမဆိုးပေမဲ့ ပြီးခဲ့တဲ့ရာသီကလို ပုံစံမျိုးမဟုတ်တော့ဘူး။ နည်းပြ မော့တာမရှိတော့တဲ့နောက် ဘိုလော့ဂ်နာရဲ့ ကွင်းတွင်းခြေစွမ်းက တည်ငြိမ်မှုလျော့နည်းလာတယ်။ အေစီမီလန်ကလည်း စီးရီးအေအဝေးကွင်းနောက်ဆုံးပွဲမှာ ဖီအိုရင်တီးနားကို ရှုံးခဲ့တယ်။ ဒါပေမဲ့ လက်ရှိ အေစီမီလန်ရဲ့ စုဖွဲ့မှုကို ကြည့်ရင်တော့ ဘိုလော့ဂ်နာထက် အားရစရာ ပိုကောင်းပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ အေစီမီလန်အသင်း အနိုင်ကစားသွားဖို့ များတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။
အတ္တလန်တာ - ဗီရိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် နံနက် ၁:၁၅ နာရီ)
အတ္တလန်တာက ဗီရိုနာနဲ့တွေ့ဆုံတဲ့ နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ အနိုင်ရခဲ့တယ်။ ဒါ့အပြင် နောက်ပိုင်းပွဲတွေမှာ ဗီရိုနာရဲ့ ခံစစ်ကစားပုံကလည်း သိသိသာသာကျဆင်းလာတယ်။ အိမ်ကွင်းမှာ အတ္တလန်တာ ဂိုးပြတ်နိုင်ဦးမှာပါ။ (၂)သင်းပေါင်း သွင်းဂိုးများနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
