ဗယ်လာဒိုလစ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၆:၃၀ နာရီ)
ခံစစ်ပိတ်ကစားတဲ့ အသင်းတွေနဲ့တွေ့ရင် ဗီလာရီးယဲလ် တိုက်စစ်ဂိုးရဖို့ခက်တာကို ဂီတာဖေးနဲ့ပွဲမှာ တွေ့ခဲ့ရတယ်။ ဗယ်လာဒိုလစ်ကလည်း အိမ်ကွင်းမာကျောပြီး ခံစစ်ကောင်း ကောင်းကစားနိုင်တဲ့ အသင်းဖြစ်တယ်။ ဗယ်လာဒိုလစ်ဟာ ဒီရာသီ အိမ်ကွင်း (၅) ပွဲမှာ (၄) ဂိုးပဲ ပေးရထားပါ။ ဒါကြောင့် ဒီပွဲမှာ ဗီလာရီးယဲလ် တိုက်စစ်ရုန်းကန်ရနိုင်တယ်။ ဂိုးနည်း သရေပွဲပဲ မှန်းထားလိုက်တယ်။
ဗယ်လက်ကာနို - အလာဗတ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၈:၄၅ နာရီ)
ဗယ်လာဒိုလစ်နဲ့ အိမ်ကွင်းပွဲမှာ အလာဗတ်စ် ကစားပုံလျော့သွားသလို တွေ့ရတယ်။ နဂိုကတည်းကလည်း အဝေးကွင်းအားနည်းနေသေးပုံနဲ့တော့ ဗယ်လက်ကာနိုလို အိမ်ကွင်းမာတဲ့အသင်းကို အလာဗတ်စ် တောင့်ခံနိုင်ဖို့ ခက်နေဦးမယ်ထင်တယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။
လက်ပါမားစ် - ဂျီရိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် ည ၁၁:၀၀ နာရီ)
ချန်ပီယံလိဂ်အပြန် ဂျီရိုနာကို မျှော်လင့်ထားလို့ သိပ်မရတာ အမှန်ပဲ။ ပြီးတော့ ဒီရာသီမှာ ဂျီရိုနာရဲ့ ရလဒ်တွေက တော်တော်လေး မတည်မငြိမ် ဖြစ်နေတယ်။ လက်စ်ပါမားစ်ကလည်း အိမ်ကွင်းမှာတော့ အတတ်နိုင်ဆုံးကြိုးစားကစားနေပြီး ကစားပုံလည်း မဆိုးလှလို့ ဂျီရိုနာကို ထိန်းထားနိုင်လိမ့်မယ်ထင်တယ်။ လက်စ်ပါမားစ်နဲ့ ဂိုးအများပဲ ကောင်းမယ်။
ရီးယဲလ်မက်ဒရစ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် နံနက် ၁:၃၀ နာရီ)
ရာသီကြိုခြေစမ်းပွဲတုန်းကတော့ ဟန်ဆီဖလစ်ခ်ရဲ့ ဘာစီလိုနာက ရီးယဲလ်မက်ဒရစ်ကို (၂-၁)နဲ့ နိုင် ထားဖူးတယ်။ အခုပွဲက ဟန်ဆီဖလစ်ခ်ရဲ့တရားဝင်ပြိုင်ပွဲအဖြစ် ရီးယဲလ်ကိုရင်ဆိုင်ရမယ့် ပွဲဖြစ်လာတယ်။ ကစားရမှာလည်း ရီးယဲလ်ကွင်းဆိုတော့ ဘာစီလိုနာအတွက် စိန်ခေါ်မှုတော့များတယ်။ ရီးယဲလ်က ဒီရာသီ လာလီဂါမှာ ရှုံးပွဲမရှိသေးဘူး။ နောက်ပြီး အခုပွဲကို ရှုံးလိုက်ရင် ဘာစီလိုနာနဲ့ (၆)မှတ်ကွာအနေအထားထိ ရောက်သွားနိုင်လို့ အဲဒီလို အခြေအနေမျိုး အရောက်ခံမှာ မဟုတ်ဘူး။ နှစ်သင်းစလုံးက ချန်ပီယံလိဂ်ပွဲနွဲထားရတာချင်း တူပေမဲ့ ဒဏ်ရာရကစားသမား အများစု ပြန်ကစားလာနိုင်တဲ့ ဘာစီလိုနာက စိတ်ဓာတ်ပိုင်းမှာ ရီးယဲလ်ထက် သာနေနိုင်တာ အမှန်ပဲ။ နှစ်သင်းစလုံးရဲ့ အပြန်အ လှန်သွင်းဂိုးတွေကိုမြင်ရဖို့များနေပြီး စိတ်ဓာတ်အားကောင်းနေတဲ့ ဘာစီလိုနာ အမှတ်ရအောင် ကစားသွားမယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
