မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေပြီး လာမည့်ဇန်နဝါရီတွင်ပင် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်(၂၆ နှစ်)သည် မန်ယူအသင်းတွင် ပုံမှန်ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး အသင်းပြောင်းရွှေ့သင့်ကြောင်း အကြံပြုမှုများလည်း ရှိနေသည်။
၎င်းကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းအချို့အပြင် ပြည်ပကလပ်အသင်းအချို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။
ရပ်ရှ်ဖို့ဒ်သည် အသင်းပြောင်းရွှေ့ရန်အတွက် မန်ယူအသင်းတာဝန်ရှိသူများထံ တရားဝင်တောင်းဆိုသွားမည်ဖြစ်ပြီး ဇန်နဝါရီ၌ပင် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။
အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်ယူအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံး မန်ယူအသင်းတစ်သင်းတည်းတွင်သာ ကစားနေသူဖြစ်သည်။
မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် ရပ်ရှ်ဖို့ဒ်၏လက်ရှိစာချုပ်မှာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပြီး ၎င်းအား ခေါ်ယူရန် အာဆင်နယ်၊ အက်စတွန်ဗီလာ၊ PSG၊ နာပိုလီနှင့် မာဆေးလ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
