■ ရီးယဲလ်ဂိုးသမား ကော်တိုအာ (၃)ပတ်မှ (၄)ပတ်အထိ အနားယူရမည်
24htopnews | October 25, 2024 10:12 PM CST
ရီးယဲလ်အသင်း၏ ဂိုးသမား ကော်တိုအာသည် ဒေါ့မွန်နှင့်ပွဲတွင် ရရှိခဲ့သည့် ခြေထောက်ဒဏ်ရာကြောင့် (၃)ပတ်မှ (၄)ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ကော်တိုအာသည် အစောဆုံးအဖြစ် နိုဝင်ဘာဒုတိယပတ်မှသာ ပြန်ကစားနိုင်မည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
ထို့ကြောင့် ကော်တိုအာနေဖြင့် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ရမည့် El Clasico ပွဲအပါအဝင် ဗလင်စီယာ၊ အေစီမီလန်၊ အိုဆာဆူနာတို့နှင့်ပွဲများကိုလည်း လွဲချော်ရမည်ဖြစ်သည်။
၎င်းအနေဖြင့် နိုင်ငံတကာရက်သတ္တပတ်ပြီးမှသာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ဒေါ့မွန်နှင့်ပွဲတွင် တံကောက်ကြောဒဏ်ရာရခဲ့သည့် တိုက်စစ်ကစားသမား ရိုဒရီဂိုမှာလည်း (၂)ပတ် မှ (၃)ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
