ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် (၂)ရက်ကြာ ကျင်းပခဲ့သော ကုလသမဂ္ဂစက်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း ၏ နိုင်ငံစုံ စက်မှု မူဝါဒဆိုင်ရာ ဖိုရမ်သို့ ဗီယင်နာမြို့ အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ဖိုရမ်ဖွင့်ပွဲ၊ ပိတ်ပွဲ၊ လက်မှတ်ရေးထိုးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖိုရမ်ကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် အောက်တိုဘာ (၂၃) ရက်မှ အောက်တိုဘာ (၂၄) ရက်အထိ ကျင်းပခဲ့ရာ ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းမှ တက်ရောက်ခဲ့သည်။
၎င်းဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားတွင် အိမ်ရှင်ဆော်ဒီအာရေဗျနိုင်ငံ၏ စက်မှုနှင့် သယံဇာတရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Bandar bin Ibrahim Alkhorayef၊ အထူးဧည့်သည်တော် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး မင်းသား HRH Mr. Abdulaziz Bin Salman၊ UNIDO ညွှန်ကြားရေးမှူးချုပ် Mr. Gerd Muller နှင့် ဂီနီနိုင်ငံဝန်ကြီးချုပ် H.E. Mr. Amadou Qury Bah တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲများနှင့် အဆင့်မြင့် စားပွဲဝိုင်းဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ဖိုရမ်ကျင်းပသည့် ကာလအတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ဖိုရမ်ဖွင့်ပွဲ၊ ပိတ်ပွဲ၊ လက်မှတ်ရေးထိုးပွဲ အခမ်းအနားများ၊စားပွဲဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။
ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံနှင့် UNIDO တို့က “Accelerating SDGs through Industry” ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ပြသသော ပြခန်းသို့ သွားရောက်လေ့လာခဲ့ပြီး အောက်တိုဘာ (၂၃) ရက် ညနေပိုင်းတွင် ကျင်းပသော Gala Dinner သို့လည်း အမြဲတမ်းကိုယ်စားလှယ်မှ တက်ရောက်ခဲ့ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
