ဂါဇာတွင် ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar ကို ဖယ်ရှားရှင်းလင်းခြင်းသည် ကြိုတင်စီစဉ်ထားသည့် စစ်ဆင်ရေးမဟုတ်ကြောင်း အစ္စရေး IDF စစ်ဦးစီးချုပ် Herzi Halevi က ပြောကြားခဲ့သည်။
“Yahya Sinwar ကို ဖယ်ရှားရေးဟာ ကြိုတင်စီစဉ်ထားတာ မဟုတ်ပါဘူး” ဟု ဂါဇာမြောက်ပိုင်းသို့ ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း IDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
IDF စစ်ဦးစီးချုပ်၏ အဆိုအရ Sinwar ကို ပစ်ခတ်ခဲ့သော တပ်ဖွဲ့ဝင်များပါဝင်သည့် IDF တပ်မဟာ ၄၅၀ ထိုဒေသတွင် ရှိနေခြင်းသည်လည်း ကြိုတင်စီစဉ်ထားခြင်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့ ဘယ်သူ့ကို ပ-စ်ခတ်လိုက်တယ်ဆိုတာကိုတောင် သူတို့မသိပါဘူး” လို့ Halevi က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့ဝင် သုံးဦးကို ရှင်းလင်းခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဟားမတ်စ်ခေါင်းဆောင် ဖြစ်နိုင်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ နာရီအနည်းငယ်အကြာတွင်မူ ရုပ်အလေ-ာင်းများအနက် တစ်လောင်းသည် Yahya Sinwar ဖြစ်ကြောင်း IDF က အတည်ပြုခဲ့သည်။ ဟားမတ်စ်တို့ကလည်း ၎င်းတို့၏ခေါင်းဆောင်ေ-သဆုံးမှုကို အောက်တိုဘာ ၁၈ ရက်က အတည်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
