တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန် မျိုးကွဲကြောင့် နေ့အလိုက် ရောဂါကူးစက်ခံရ သူသစ် ၃၈၆၉၁ ဦး ရှိခဲ့သည်ဟု ကျန်းမာရေး အရာရှိများက ပြောကြားခဲ့ချိန်တွင် ဖေဖော်ဝါ ရီ ၆ ရက်က နိုင်ငံအတွင်း COVID-19 ကူး စက်ခံရသူစုစုပေါင်း ၁ သန်းကျော်ရှိခဲ့သည်။
တောင်ကိုရီးယားသည် ၂၀၂၀ ပြည့်နှစ် ဇန်န ၀ါရီ ၂၀ ရက်က ပထမဆုံး COVID-19 ကူး စက်မှုဖြစ်စဉ်ကို တွေ့ရှိခဲ့ပြီး မကြာမီအချိန် အတွင်းမှာပင် တရုတ်နိုင်ငံပြင်ပ၌ ရောဂါကူး စက်မှုအများအပြားဖြစ်ပွားခဲ့သည်။
သို့သော် လည်း ရောဂါကို ခြေရာခံခြင်း၊ နှာခေါင်းစည်း များတပ်ခြင်းနှင့် ကွာရန်တင်း စည်းမျဉ်းများ ကို တင်းကျပ်စွာလုပ်ဆောင်ခဲ့သည့် မဟာဗျူ ဟာကြောင့် ကပ်ရောဂါအစောပိုင်းလှိုင်းများ တွင် အခြားနိုင်ငံများထက် ကူးစက်၊သေဆုံးမှု နှုန်းကို လျှော့ချနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ မကြာသေးမီက အလွန်ကူးစက်မြန် အိုမီခရွန် မျိုးကွဲကူးစက်မှုများကြောင့် ရောဂါကူးစက်ခံ ရသူသစ် မြင့်တက်ခဲ့သည်။
ကာကွယ်ဆေးထိုး နှံမှုမြင့်မားသည့် တောင်ကိုရီးယားတွင် ကပ်ရောဂါကြောင့် သေဆုံးသူ လျော့ကျလာခဲ့ သော်လည်း ဖေဖော်ဝါရီ ၅ ရက်တွင် သေဆုံးသူသစ် ၁၅ ဦးရှိခဲ့သည်ဟု ကိုရီးယား ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး အေဂျင်စီ KDCA က ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်အထိ တောင်ကိုရီးယားတွင်ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၀၀၉၆၈၈ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၆၈၇၃ ဦးရှိခဲ့သည်။
လက်ရှိအချိန်အထိ တောင်ကိုရီးယား၏ လူ ဦးရေ ၅၂ သန်းအနက် ၈၆ရာခိုင်နှုန်းနီးပါးမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးစီးခဲ့ကာ ၅၄.၅ ရာခိုင်နှုန်းမှာ ထပ်တိုးကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
