ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ယနေ့အောက်တိုဘာ (၂၅)ရက် တစ်ရက်တည်းအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ အောက်တိုဘာ (၂၄)ရက် ညပိုင်းကလည်း ဓါတ်တိုင်မီးလောင်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
ယနေ့ အောက်တိုဘာ (၂၅)ရက်၊ ည(၆)နာရီ (၅၅)မိနစ်အချိန်ခန့်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဒိုင်စုကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ စက်မှုဇုန်အပိုင်း(၆)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ အင်းစိန်မြို့နယ်မီးသတ်စခန်း၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာ မိနစ် (၂၀)နီးပါး ငြှိမ်းသတ်ခဲ့ပြီးနောက် ည (၇)နာရီ (၁၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ အောက်တိုဘာ (၂၅)ရက်၊ နံနက် (၁၀)နာရီ (၅၆)မိနစ်အချိန်ခန့်၊ လှိုင်သာယာမြို့နယ်၊ သိင်္ဂီ(၁)လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့သည့်အတွက် နံနက် (၁၁) နာရီ (၁)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ အောက်တိုဘာ (၂၄)ရက် ညနေ(၅)နာရီ (၄၅) မိနစ်အချိန်ခန့်ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၁)ရပ်ကွက်၊ အနော်ထာလမ်းနှင့် ပဲခူးလမ်းထောင့်ရှိ Wifi ကြိုးများ CCTV ကြိုး၊ ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးကြိုးများ စုပေါင်းသွယ်တန်းထားသည့် ဓာတ်တိုင်တစ်တိုင် မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို အနီးနားဝန်းကျင်ရှိ ရပ်ကွက်နေ ပြည်သူများမှ မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်သော်လဲ မရရှိ၍ မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားချက်အရ လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် လာရောက်ငြှိမ်းသတ်ရာမှ အခြားသို့ မကူးစက်ဘဲ မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ – လှိုင်သာယာမြို့နယ်တွင် လျှပ်စစ်ဓါတ်တိုင် မီးလောင်ပုံ

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
