စစ်ကိုင်းအသင်းသည် နိုင်ငံခြားသား ကစားသမား မခေါ်ယူရန် ဆုံးဖြတ်ခဲ့သောကြောင့် ပြည်တွင်းကစားသမားများကိုသာ အဓိကခေါ်ယူသွားမည်ဖြစ်ပြီး နေရာနှစ်ခုအတွက် အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် ယင်းနှစ်နေရာကို အားဖြည့်ရန် အသင်းဖျက်သိမ်းသွားသည့် ဇွဲကပင်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့မှ ကစားသမားများကို အဓိကပစ်မှတ်ထားနေပြီး ကမ်းလှမ်းမှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကိုင်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးဇော်လင်းထွန်းက ရာသီဝက်အပြောင်း အရွှေ့ကာလတွင် တိုက်စစ်မှူးတစ်ဦးနှင့် နောက်ခံလူတစ်ဦး ခေါ်ယူသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
စစ်ကိုင်းအသင်းသည် နိုင်ငံခြားသား ကစားသမား မခေါ်ယူရန် ဆုံးဖြတ်ခဲ့သောကြောင့် ပြည်တွင်းကစားသမားများကိုသာ အဓိကခေါ်ယူသွားမည်ဖြစ်ပြီး နေရာနှစ်ခုအတွက် အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် ယင်းနှစ်နေရာကို အားဖြည့်ရန် အသင်းဖျက်သိမ်းသွားသည့် ဇွဲကပင်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့မှ ကစားသမားများကို အဓိကပစ်မှတ်ထားနေပြီး ကမ်းလှမ်းမှုများ ပြုလုပ်လျက်ရှိသည်။
"ကျွန်တော်တို့အသင်းအနေနဲ့ ရာသီဝက် အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အစီအစဉ်ရှိပါတယ်။ နိုင်ငံခြားသားကစားသမား ထပ်မခေါ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ပြည်တွင်းကစားသမားတွေပဲ ခေါ်ယူ သွားမှာဖြစ်ပါတယ်။ တိုက်စစ်မှူးတစ်ဦး၊ နောက်ခံလူတစ်ဦးပဲ ခေါ်ယူသွားမှာပါ။ ကစားသမားသစ်တွေ ခေါ်ယူဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ အသင်းအတွက် လိုအပ်နေတဲ့နေရာတွေကိုပဲ အားဖြည့်တာ ဖြစ်ပါတယ်။ နိုင်ငံခြားသားနောက်ခံလူနဲ့ လမ်းခွဲလိုက်တာကြောင့် ကစားသမားသစ်တစ်ဦး မဖြစ်မနေခေါ်ယူရမှာဖြစ်ပြီး တိုက်စစ်ကိုလည်း အားဖြည့်ချင်တာကြောင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူမှာပါ" ဟု ဦးဇော်လင်းထွန်းက ပြောကြားခဲ့သည်။
စစ်ကိုင်းအသင်းသည် ၂၀၁၈ ရာသီတွင် MNL သို့ တန်းတက်ခွင့်ရခဲ့ပြီး ပြီးခဲ့သည့် ရာသီမှစတင်ကာ ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည်။ စစ်ကိုင်းအသင်းသည် ယခုရာသီတွင် ရှစ်ပွဲကစား ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
