ရာသီကုန်ရပ်တည်မှုများကို တစ်ပွဲပျမ်းမျှ ရမှတ်နှင့် ဆုံးဖြတ်ခဲ့ပြီး League One တွင် ကိုဗင်ထရီအသင်းမှာ ချန်ပီယံ ဖြစ်ကာ ထရန်မဲ၊ ဆောက်အန်း၊ ဘော်လ်တန် အစရှိသောအသင်းများ မှာ တန်းဆင်းခဲ့ရသည်။
League One ကလပ် ထရန် မဲအသင်း၏ ဥက္ကဋ္ဌဖြစ်သူ မာ့ခ်ပါလီယို့စ်သည် သူ၏အသင်း တန်းဆင်းသွားခြင်းအတွက် အင်္ဂလိပ်ဘောလုံး လိဂ်တာဝန်ရှိသူများကို တရားစွဲရန် စီစဉ်နေကြောင်း သိရှိရသည်။
အင်္ဂလန်လိဂ်ပြိုင်ပွဲ(၄)ခုထဲမှ ပရီးမီးယားလိဂ်နှင့် လိဂ်ချန်ပီယံရှစ် ပြိုင်ပွဲများမှာ ရာသီလက်ကျန်ပွဲစဉ်များကို ဆက်လက်ကစားသွားမည်ဖြစ် သော်လည်း League One နှင့် League Two ပြိုင်ပွဲများမှာမူ မဲခွဲဆုံးဖြတ်မှုအရ ယခုရာသီကို ဆက်မကစားဘဲ အဆုံးသတ်ခဲ့ကြသည်။ ရာသီကုန်ရပ်တည်မှုများကို တစ်ပွဲပျမ်းမျှ ရမှတ်နှင့် ဆုံးဖြတ်ခဲ့ပြီး League One တွင် ကိုဗင်ထရီအသင်းမှာ ချန်ပီယံ ဖြစ်ကာ ထရန်မဲ၊ ဆောက်အန်း၊ ဘော်လ်တန် အစရှိသောအသင်းများ မှာ တန်းဆင်းခဲ့ရသည်။
ထရန်မဲအသင်းသည် ဘောလုံးပွဲများ မရပ်နားမီ နောက်ဆုံးပွဲစဉ်(၃) ပွဲဆက် အဝေးကွင်းနိုင်ပွဲများ ရရှိခဲ့ပြီး အသင်းအနေဖြင့် ယခုရာသီကို ဆက်လက်ကစားရပါက တန်းဆင်းဇုန်မှ လွတ်မြောက်မည်ဟု အသင်းဥက္ကဋ္ဌ မာ့ခ်ပါလီယို့စ်က ယုံကြည်လျက်ရှိနေသည်။
ထို့ပြင် တန်းဆင်းသွားခဲ့ခြင်းကြောင့် ထရန်မဲအသင်းမှာ ဆုံးရှုံးနစ် နာမှု ပေါင်(၁)သန်းခန့်ရှိသည်ဟုဆိုကာ FA အမှုဆောင်ချုပ်ဟောင်းဖြစ်သူ မာ့ခ်ပါလီယို့စ်က အင်္ဂလိပ်ဘောလုံးလိဂ်တာဝန်ရှိသူများကို တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိ တွင် ပါလီယို့စ်သည် တရားစွဲရန်ကိစ္စ အတွက် ရှေ့နေအဖွဲ့နှင့်တိုင်ပင်လျက် ရှိနေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
