မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ဇူလိုင်တတိယပတ်တွင် ပြန်လည်ကျင်းပမည့် လိဂ်ပြိုင်ပွဲများမစတင်မီ ထောက်ပံ့ကြေးအချို့ ပေးချေသွားမည်ဖြစ်ပြီး ထောက်ပံ့ကြေး မရရှိသေးသည့် MNL ကလပ်အသင်းများကို ကျပ်သိန်း ၃၀၀၊ MNL -2 ကလပ်အသင်း များကို ကျပ်သိန်း ၁၀၀ စတင်ထောက်ပံ့မည် ဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီတွင် ကလပ်အသင်းများအား ပေးအပ်ရန် စီစဉ်နေသည့် ထောက်ပံ့ကြေးများကို လျှော့ချပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီတွင် MNL နှင့် MNL -2 ကလပ် အသင်းများအား ထောက်ပံ့ကြေးတိုးမြှင့်ပေး ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပြန်လည်လျှော့ချရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားအရ ထောက်ပံ့ကြေးများကို ရာခိုင်နှုန်း ၆၀ ဝန်းကျင်သာ ပေးချေနိုင်ဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြု ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ဇူလိုင်တတိယပတ်တွင် ပြန်လည်ကျင်းပမည့် လိဂ်ပြိုင်ပွဲများမစတင်မီ ထောက်ပံ့ကြေးအချို့ ပေးချေသွားမည်ဖြစ်ပြီး ထောက်ပံ့ကြေး မရရှိသေးသည့် MNL ကလပ်အသင်းများကို ကျပ်သိန်း ၃၀၀၊ MNL -2 ကလပ်အသင်း များကို ကျပ်သိန်း ၁၀၀ စတင်ထောက်ပံ့မည် ဖြစ်သည်။
" ဒီရာသီမှာ ကလပ်အသင်းတွေကို ပေးအပ်မယ့် ထောက်ပံ့ကြေးတွေက အားလုံးအခက်အခဲ ကြုံတွေ့နေတဲ့အချိန်ဖြစ် နေတာကြောင့် စပွန်ဆာတွေလည်း အပြည့် အဝရရှိဖို့ ခက်ခဲနိုင်ပါတယ်။ လိဂ်ဝင်ငွေ လျော့ကျနိုင်တဲ့အတွက် ကလပ်အသင်းတွေ ကို ထောက်ပံ့ဖို့ စဉ်းစားထားတဲ့ ထောက်ပံ့ကြေးတွေထဲက အများဆုံး ရာခိုင်နှုန်း ၆၀ လောက်ပဲ ခွဲပြီးထုတ်ပေးနိုင်မှာပါ။ ဒီရာသီ အတွက် မထောက်ပံ့ရသေးတဲ့ MNL ကလပ် အသင်းတွေကို ကျပ်သိန်း ၃၀၀၊ MNL -2 ကလပ်အသင်းတွေကို ကျပ်သိန်း ၁၀၀ စတင် ထောက်ပံ့့ပေးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ထောက်ပံ့ကြေးတွေကို စက်တင်ဘာအကုန်မှာ ထပ်ပေးသွားမှာပါ" ဟု လိဂ်ကော်မတီ အစည်းအဝေးတွင် လိဂ်ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကျန်ရှိသည့်ထောက်ပံ့ကြေးများကို ရာသီကုန်တွင် ကလပ်အသင်းများထံမှ ရရန်ရှိသည့် စာရင်းများနှင့် တွက်ချက်ကာ ပေးချေသွားမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရာသီအစတွင် အိမ်ကွင်းလက်ခံ ကျင်းပနိုင်သည့်အသင်းများကို ထောက်ပံ့ကြေး ပိုမိုတိုးမြှင့်ပေးရန် စီစဉ်ထားခြင်းဖြစ် သည်။ ယခုရာသီတွင် MNL ၌ ၁၂ သင်း၊ MNL -2 (ပထမတန်း) $ အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက MNL ကလပ်အသင်းများဖြစ်သည့် ဇွဲကပင် ယူနိုက်တက်နှင့် ချင်းယူနိုက်တက်အသင်းတို့ ဖျက်သိမ်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
