" မော်ရီဇီယိုဆာရီဟာ ကျွန်တော့်ကို လိမ်လည်လှည့်ဖြားခဲ့ပြီး ငွေကြေးကြောင့် အောက်တန်းကျစွာနဲ့ နာပိုလီအသင်းကို စွန့် ခွာခဲ့တာပါ။ သူ့အနေနဲ့ နေပယ်ကနေ ဘာ ကြောင့်ထွက်သွားခဲ့သလဲဆိုတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာပါပဲ။ ကျွန်တော်ဟာ အမ်ပိုလီ အသင်းကို သူ နည်းပြနေချိန်မှာ အလောင်းအစားလုပ်ပြီး နာပိုလီအသင်းကို ကိုင်တွယ် ခွင့်ပေးခဲ့တာပါ။ သူ ထွက်သွားချိန်မှာ စာချုပ်သက်တမ်းကလည်း နှစ်နှစ်ကျန်နေပါသေးတယ်" ဟု ဒီလော်ရန်းတစ်က ပြောကြားခဲ့သည်။
နည်းပြဟောင်း ဆာရီမှာ ငွေကြေး ကြောင့် အရှက်ကင်းမဲ့စွာဖြင့် နာပိုလီအသင်း မှ ထွက်ခွာသွားခြင်းဖြစ်သည်ဟု အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်က ဝေဖန်တိုက်ခိုက်ခဲ့သည်။
ချယ်လ်ဆီးအသင်းသို့ ဆာရီ ပြောင်းရွှေ့သွားချိန်မှစပြီး ဒီလော်ရန်းတစ် မှာ ဆာရီကို တောက်လျှောက်ဝေဖန်နေခြင်း ဖြစ်ပြီး Corriere dello Sport သတင်းစာနှင့်အင်တာဗျူးတွင် ဒီလော်ရန်းတစ်က ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" မော်ရီဇီယိုဆာရီဟာ ကျွန်တော့်ကို လိမ်လည်လှည့်ဖြားခဲ့ပြီး ငွေကြေးကြောင့် အောက်တန်းကျစွာနဲ့ နာပိုလီအသင်းကို စွန့် ခွာခဲ့တာပါ။ သူ့အနေနဲ့ နေပယ်ကနေ ဘာ ကြောင့်ထွက်သွားခဲ့သလဲဆိုတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာပါပဲ။ ကျွန်တော်ဟာ အမ်ပိုလီ အသင်းကို သူ နည်းပြနေချိန်မှာ အလောင်းအစားလုပ်ပြီး နာပိုလီအသင်းကို ကိုင်တွယ် ခွင့်ပေးခဲ့တာပါ။ သူ ထွက်သွားချိန်မှာ စာချုပ်သက်တမ်းကလည်း နှစ်နှစ်ကျန်နေပါသေးတယ်" ဟု ဒီလော်ရန်းတစ်က ပြောကြားခဲ့သည်။
ဆာရီကမူ ၎င်းင်းအနေဖြင့် နာပိုလီအသင်းမှ ထုတ်ပယ်ခံရခြင်းသာဖြစ်ပြီး သူ၏နေရာတွင် အန်ဆယ်လော့တီနှင့် အစားထိုး ခဲ့ခြင်းဖြစ်သည်ဟု အတိအလင်းဖွင့်ဟထားခဲ့သည်။ ထို့ပြင် ဒီလော်ရန်းတစ်က ဆာရီ၏ နေရာတွင်အစားထိုးရန် အန်ဆယ်လော့တီ မှာ မှန်ကန်သည့်နည်းပြ မဖြစ်ခဲ့ကြောင်းနှင့် သူ့အနေဖြင့် ဒုတိယအမှားတစ်ခုကို ကျူးလွန်မိခဲ့ခြင်းဖြစ်သည်ဟုလည်း ဝန်ခံခဲ့သည်။
၎င်းက အန်ဆယ်လော့တီနှင့် အစောပိုင်းကတည်းက လမ်းခွဲသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။ အန်ဆယ်လော့တီသည် နာပိုလီအသင်းကို ၂၀၁၈ မေလက စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာလအစောပိုင်းတွင် ရာထူးမှထုတ်ပယ်ခံရခြင်းဖြစ်သည်။ ဒီလော်ရန်းတစ်သည် ဥရောပထိပ်တန်းအသင်းများ ပစ်မှတ်ထားနေသည့် နောက်ခံလူ ကူလီဘလီနှင့် ကွင်းလယ်လူ ဖာဘီယန်ရုဇ်တို့ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရရှိမှ ရောင်းချမည်ဟု အတိအလင်းဆိုခဲ့သည်။
၇၃ ကြိမ်မြောက်အဖြစ်ကျင်းပမည့် ယခု နှစ် ကိုပါအီတာလီယာပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့တွင် ရောမမြို့ရှိ အိုလင်ပီကိုကွင်း၌ ကစားသွားမည်ဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ် ဒိုဗယ်ရီက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ နာပိုလီအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ကိုပါအီတာလီယာပြိုင် ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲတွင် ၂၀၁၂ ပြိုင်ပွဲတစ်ကြိမ်သာ တွေ့ဆုံခဲ့ပြီး နာပိုလီအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
