One Championship သည် ဇူလိုင် ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ကျင်းပမည့် Fists of Fury ပြိုင်ပွဲဖြင့် ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားပြီး ရောဂါအခြေအနေအပေါ်မူတည်၍ ပြိုင်ပွဲများကျင်းပနိုင်ခြင်းရှိမရှိ ပြန်လည်ဆုံးဖြတ်သွားမည်ဖြစ်သည်။ ဇူလိုင်မှ ဒီဇင်ဘာအထိ ၁၇ ပွဲကျင်းပရန် လျာထားပြီး မတ်လမှ ဇွန်လအထိကျင်းပရန် စီစဉ်ထား သောပြိုင်ပွဲများမှ ရွှေ့ဆိုင်းထားသည့်ပြိုင်ပွဲ အချို့ကိုလည်း ပြန်လည်စတင်ခွင့်ရပါက ကျင်းပဖွယ်ရှိကြောင်း သိရသည်။
MMA ပြိုင်ပွဲများ ကျင်းပနေသည့် One Championship အဖွဲ့အစည်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများရပ်နားထားမှုကို တစ်လထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။
One Championship သည် ယခင်က ပြိုင်ပွဲများကျင်းပမှုကို မေလကုန်အထိ ရပ်နားထားသော်လည်း အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေမှာ အလုံးစုံထိန်းချုပ် နိုင်ခြင်းမရှိသေးသောကြောင့် ဇွန်လကုန် အထိ ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ One Championship သည် မတ်လကတည်းက ပြိုင်ပွဲများရွှေ့ဆိုင်းခြင်း၊ ပရိသတ်မပါဘဲ ကျင်းပခြင်းပြုလုပ်ခဲ့ပြီး ကနဦးတွင် ဧပြီလကုန်အထိ စတင်ရပ်နားခဲ့သော်လည်း ရောဂါ အခြေအနေကြောင့် မေလမှ ဇွန်လကုန်အထိ နှစ်ကြိမ်တိုးမြှင့်ခဲ့ရခြင်းဖြစ်သည်။
One Championship သည် ဇူလိုင် ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ကျင်းပမည့် Fists of Fury ပြိုင်ပွဲဖြင့် ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားပြီး ရောဂါအခြေအနေအပေါ်မူတည်၍ ပြိုင်ပွဲများကျင်းပနိုင်ခြင်းရှိမရှိ ပြန်လည်ဆုံးဖြတ်သွားမည်ဖြစ်သည်။ ဇူလိုင်မှ ဒီဇင်ဘာအထိ ၁၇ ပွဲကျင်းပရန် လျာထားပြီး မတ်လမှ ဇွန်လအထိကျင်းပရန် စီစဉ်ထား သောပြိုင်ပွဲများမှ ရွှေ့ဆိုင်းထားသည့်ပြိုင်ပွဲ အချို့ကိုလည်း ပြန်လည်စတင်ခွင့်ရပါက ကျင်းပဖွယ်ရှိကြောင်း သိရသည်။
MMA ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ချန်ပီယံဟောင်း ရုရှား နိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်း ရပ်စ်ကြောင့် နှစ်ကြိမ်တိုင် ပွဲရွှေ့ဆိုင်းထားရသည်။ ထို့ကြောင့် One Championship သည် ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရပါက အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ကျင်းပမည့်ရက်ကို အတည်ပြုသတ်မှတ်သွားမည်ဖြစ်သည်။ အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ယခင်က ဧပြီ ၁၀ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း မေ ၃၀ ရက်သို့ ပြောင်းလဲ ခဲ့ရပြီး ဗိုင်းရပ်စ်အခြေအနေကြောင့် ရက် အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနှင့် ထိုးသတ်ပြီး နောက်ပိုင်း ပြိုင်ပွဲများနှင့် ဝေးကွာနေပြီး ယခုနှစ်တွင်လည်း ယှဉ်ပြိုင်ရခြင်းမရှိသေး ကြောင်း သိရသည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ သုံးပွဲ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတစ်ပွဲ ယှဉ် ပြိုင်ထိုးသတ်ထားသည်။ အောင်လအန်ဆန်သည် နောက်ဆုံးထိုးသတ်ခဲ့သည့် ခုနစ်ပွဲဆက်တိုက် အနိုင်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
