အာတီတာသည် ဂွါဒီယိုလာ၏မန်စီးတီးအသင်းနှင့်ယနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်-၂၈ ပွဲကျန်အဖြစ် အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်ပြီး ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းတွင် အတူလက်တွဲခဲ့သည့် ဂွါဒီယိုလာမှာ မိမိအပေါ်တွင် အလွန့် အလွန်လွှမ်းမိုးနိုင်သူတစ်ဦးဖြစ်သည်ဟု အာဆင်နယ်အသင်းနည်းပြ အာတီတာက ဝန်ခံခဲ့သည်။
အာတီတာသည် ဂွါဒီယိုလာ၏မန်စီးတီးအသင်းနှင့်ယနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်-၂၈ ပွဲကျန်အဖြစ် အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်ပြီး ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော် ၁၅ နှစ်အရွယ်လောက်က တည်းက သူဟာ ကျွန်တော့်အပေါ် လွှမ်းမိုးနိုင်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာမှာ တွေ့ဆုံခဲ့ချိန်ကဖြစ်ပြီး နှစ်ယောက်စလုံး ကစားသမားဘဝနဲ့ပါ။ ကျွန်တော့်ရဲ့နည်းပြဘဝမှာရော ပုဂ္ဂလိကဘဝမှာပါ သူဟာ အလုံးစုံလွှမ်းမိုးထားခဲ့ပါတယ်။ သူ့ရဲ့ပုဂ္ဂိုလ်ရေးအကြောင်း ပြောရရင် အရည်အသွေးပိုင်း၊ ကျွန်တော့်ကို သူ ဘယ်လိုဆက်ဆံခဲ့တာတွေ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ဘယ်လို အပေးအယူ လုပ်ခဲ့သလဲဆိုတာတွေ ရှိပါတယ်။ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။ နည်းပြတစ်ယောက်အနေနဲ့တော့ သူ့ဆီက ကျွန်တော် အမြောက်အမြား သင်ယူခဲ့ရပါ တယ်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ အခိုက်အတန့်တွေကို ကျွန်တော်တို့ အတူတကွ ဖြတ် သန်းခဲ့တယ်။ ခက်ခဲမှုတချို့ ရှိကောင်းရှိနိုင်ပါတယ်။ အတွေ့အကြုံတွေကတော့ မယုံကြည်နိုင်လောက်အောင်ပါပဲ" ဟု အာတီတာ က ပြောကြားခဲ့သည်။
ထို့ပြင် အာတီတာက ကစားသမားများအနေဖြင့် ပရိသတ်မပါဘဲ နှင့် စိတ်ဓာတ်လှုံ့ဆော်မှုကို ကိုယ်တိုင်တည်ဆောက်ရန်လိုသည်ဟု သတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
