အာဆင်နယ်အသင်းနည်းပြ အာတီတာက ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းမှ ယခုရာသီကုန်အထိ အငှားဖြင့် ခေါ်ယူထားသည့် စပိန်နောက်ခံလူ ပါဘလိုမာရီအား အပြီးသတ်ခေါ်ယူမည်ဟု အတည်ပြုပြောကြားခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းမှ ယခုရာသီကုန်အထိ အငှားဖြင့် ခေါ်ယူထားသည့် စပိန်နောက်ခံလူ ပါဘလိုမာရီအား အပြီးသတ်ခေါ်ယူမည်ဟု အတည်ပြုပြောကြားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ပါဘလိုမာရီသည် မန်စီးတီးအသင်းအား (၃-၀)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။
သို့သော် အာတီတာက ပါဘလိုမာရီအနေဖြင့် ဒဏ်ရာရရှိခဲ့သော်လည်း မိမိတို့၏ အစီအစဉ်ကို ပြောင်းလဲမည်မဟုတ်ဘဲ မူလစီစဉ်ထားသည့်အတိုင်း ပါဘလိုမာရီကို အပြီးသတ်ခေါ်ယူမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အာတီတာက "ပါဘလိုမာရီကို ကျွန်တော်တို့ အပြီးသတ်ခေါ်ယူမှာပါ။ အသင်းအတွက် ကစားရင်း ဒဏ်ရာရခဲ့တာဖြစ်လို့ အပြောင်းအရွှေ့ကိစ္စအတွက် သက်ရောက်မှု မရှိပါဘူး"ဟု ပြောကြားခဲ့သည်။
ပါဘလိုမာရီသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဖလာမင်ဂိုအသင်းမှ အာဆင်နယ်အသင်းသို့ ရာသီဝက်အငှားဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် (၃)ပွဲသာ ကစားရသေးသည်။
အာဆင်နယ်အသင်းသည် ပါဘလိုမာရီအား ရာသီဝက်အငှားခေါ်ယူခဲ့ခြင်းအတွက် ဖလာမင်ဂိုအသင်းကို ကနဦး ပေါင် (၄.၂၅)သန်း ပေးချေခဲ့ရပြီး အပြီးသတ်ခေါ်ယူမည်ဆိုပါက ပေါင် (၈)သန်း ထပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ဖလာမင်ဂိုအသင်း ဒုဥက္ကဋ္ဌဖြစ်သူ မားကို့စ်ဘရက်ဇ်ကလည်း အာဆင်နယ်အသင်းသည် ပါဘလိုမာရီအား အပြီးသတ်ခေါ်ယူရန် သဘောတူညီထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
